လင်းလက်နွေဦး - တွင်းဝင်မဖြောင့်တဲ့ မြွေ
တွင်းဝင်မဖြောင့်တဲ့ မြွေ
လင်းလက်နွေဦး
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၃
တွင်းဝင်ဖြောင့်ဖို့
မြွေဟာ
ထွန်တုံးကို မြိုခဲ့
ထွန်းတုံးမြိုထားတဲ့ မြွေဟာ
တွင်းပေါက် မရောက်ခဲ့ဘူး
ထွန်တုံးဟာ
အရင်လို မတုံးဘူး မအဘူး
ထွန်တုံးဟာ ဖြူဆူးတထောင်ထောင်
ထွန်တုံးဟာ ဉာဏ်ရောင်တလက်လက်
မြွေက
အန်ရ
အန်ရ
အန်ပြီးရင်း အန်ရ
ဉာဏ်နီ ဉာဏ်နက် အကွင်းအကွက်တွေနဲ့ မြွေဟာ
ဆူးတထောင်ထောင် ဓားတပြောင်ပြောင် ထွန်တုံးကို အန်ရ
သွေးပွက်ပွက် အန်ရ
အူတွေ အသည်းတွေ ထိမှ
အူထဲ အသည်းထဲက နာမှ
မြွေဟာ ထွန်ကို မထိရဲ မကြည့်ရဲ
သွေးပွက်ပွက်အန်ရင်း
သေပွဲဝင်ရပေါ့။
* (၁၀၂၇/၁၁၁၁/ သာလီစွ အော်ပရေးရှင်းများနှင့်တကွ
နိုင်ငံအနှံ့က တိုက်ပွဲဝင် သူရဲကောင်းများအား ဦးညွတ်လိုက်ပါတယ်)
၁၃.၁၁.၂၀၂၃
ညနေ ၁:၁၈
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar