Breaking News

လင်းနွေးအိမ် - ကိုယ့်မင်းကိုယ့်ချင်း

Art by Than Htay Maung
ကိုယ့်မင်းကိုယ့်ချင်း
လင်းနွေးအိမ်
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၂၃

ကျနော်တို့မှာ
ကိုယ့်မျိုးစေ့ကိုယ်ရှိတယ်
ကိုယ့်မြေဩဇာကိုယ်ရှိတယ်
ကိုယ်မြေကိုယ်ရှိတယ်
ကိုယ့်ရေကိုယ်ရှိတယ်။

ကိုင်းကူးစရာမလိုဘူး
ဝတ်မှုန်ကူးစရာမလိုဘူး
မြေငှားစရာမလိုဘူး။

ဓားမဦးချမြေရဖို့
သုံးမရတဲ့အပင်တွေနှုတ်ပစ်ဖို့ပဲလိုတယ်
တောင်ယာမီးရှို့ဖို့ပဲလိုတယ်
ထွန်ယက်ဖို့ပဲလိုတယ်
ရေသွင်းဖို့ပဲလိုတယ်။

သီးပွင့်လာပါလိမ့်မယ်
ကိုယ့်မြေမှာ
ကိုယ့်ဒဏ်ရာနဲ့ကိုယ်
ကိုယ့်အမာရွတ်နဲ့ကိုယ်
ကိုယ့်အပွေးနဲ့ကိုယ်
ကိုယ့်ဝတ်မှုန်နဲ့ကိုယ်
ကိုယ့်အပွင့်နဲ့ကိုယ်
ကိုယ့်အသီးနဲ့ကိုယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar