Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တိုင်းပြည်ပြန်တည် ပါဝင်မည် ဆိုမှ အဆင်ပြေကြတော့မယ် စစ်သားတို့


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - တိုင်းပြည်ပြန်တည် ပါဝင်မည် ဆိုမှ အဆင်ပြေကြတော့မယ် စစ်သားတို့

(မိုးမခ) ဒီဇင်ဘာ ၁ ၊ ၂၀၂၃


ညီနောင်က ၃ ဖော်

အမုန်းဆော် အပီပလေးမယ့်

ဒီဒေးက ၂၇

အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား

ဥဿဖယားနဲ့ စိန်ကျောက်

ထိန်တောက်တဲ့အခိုက်

တြင်းကိုက် နဝင်းကိုက်မို့

အတင်းမတိုက်ရဘဲ

ရင်းလိုက်ကယ် ခိုဝင်ကုန်တော့

ဟိုဘုရင် ဝမ်းတွင်းရူးမှာကွယ်

လူးလွင့်လွတ်ခါ။ 


အဖြစ်သနစ် ဆိုးချင်တော့

စဝင်လာတဲ့ရင်းကလဲ ၁၂‌၉ ပါဗျ

ရိုးရိုးနဲ့ရှင်းရှင်း အထင်းသားကြီးမြင်စရာ

၁၂(+၃) ဆိုတဲ့ တြင်းနဲ့ ၉ ဆိုတဲ့ နဝင်းအဆင်မှာ

ဝင်တာက နိုဝင်ဘာ ၁၂ တြင်းထပ်ဖြစ်ခိုက်

ဝင်လာ စစ်သားက ၁၂၆(+၉) နဝင်းကိုက်ပြန်တော့

၁၂ တြင်းကိုက် ရင်းလိုက်တွေဘဲ ဓာတ်ကြိုက်သမို့

၅ လိုက်လို့လာ။ 


လိုက်လာတဲ့ ၁၂၅ ကလဲ

စစ်သား ၉၃ ဆိုတော့ တလုံးဆီမှာ နဝင်းတြင်းဖြစ်တဲ့ပြင်

၂၇(+၉)ပြည်သူ့စစ်နဲ့ စကခအဖွဲ့၃၆(+၉)ပါ 

လက်နက်ပဏ္ဏာသတော့

သာဝခမျာ 

တိုးပြီးတိုးလျက်

တမျိုးပြီး တမျိုးပျက် 

၉ ပြီး ၉ ဆက်လာ

ကိုးနှစ်ထပ်ဟာ အဖိုးမဖြတ်သာ ဆိုတဲ့အတိုင်း

ကိုင်း စကခမှူးပါ စစ်သားတရာနဲ့ ပြန်မလာသူလုပ်လေတော့

ဒကစမှူးခမျာ စစ်သား ကျန်တာနဲ့ အလံဖြူထုတ်လို့

တပ်ရုပ်ကာ ပြန်ရုံသာ

ကျန်တာ သစ္စဖောက်။


ဒီအခင်းမှာလ

အရင်းစစ်ရင် အညစ်တပ်မတော်

မလျော်ကာချုပ် အယုတ်မအလ 

ဒုက္ခမဆုံး ပြည်လုံးပတ်သတ် 

ခုတော့ တတပ်လုံး စစ်ရာဇဝတ်ဂိုဏ်းဖြစ်

တိုင်းသားပြည်သူ လူဟူသမျှ မနှစ်မြို့  ရွံရှာ

စက်ဆုပ်နှလုံးနာလှပါသောကြောင့်

မုန်းစရာ့တပ်အိုကို အပြတ်ဖြိုမဟဲ့ဆိုပြီး

တကဲ့လူတွေ

ဘဝ အသက် အိုးအိမ် စည်းစိမ်တွေအကျေခံပြီး

အသေနှံပြီမို့

ပြေပြန်တည်သည်အရေးမှာ

မနှေးနဲ့ ခြေထောက်။




t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar