ခိုင်မျိုး - ရွာထဲမှာ
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၂၃
ပျက်သွားတဲ့ဘဝတွေ
ရူးသွားတဲ့မိသားစုတွေ
ကျိုးကြေပျောက်ဆုံးသွားတဲ့အနာဂတ်တွေအတွက်
မိတ်ဆွေတို့ဘယ်လိုပြန်လည်လျော်ကြေးသတ်မှတ်ထားသလဲ
အထက်စီးကကြည့်ရတဲ့အခါ
အရာရာဟာသေးငယ်တယ်မဟုတ်လား
နည်းဗျုဟာအတိုင်း
ရက်စက်
နည်းဗျုဟာအတိုင်းပေးကမ်း
နည်းဗျုဟာအတိုင်းချီးမြှင့်
အစွမ်းကုန်ခင်းကျင်းပါ
အမြဲလင်းနေမယ့်အမုန်းမီးကိုတော့
သားစဥ်မြေးဆက်လက်ဆင့်ကမ်းခဲ့ပြီးပါပြီ
ချစ်ခြင်းမေတ္တာတရားရဲ့
ပြေးလမ်းဟာဖြောင့်ပြီး
ဓမ္မလမ်းအတွက်သစ္စာပြုသူတို့ရှိရဲ့
ဒေဝဒတ်တို့အစွမ်းအစကုန်တဲ့အခါ
မဟာပထဝီမြေမဟီဟာ
ကွဲအက်ပျက်ပြို
သူ့ကိုမြိုပါလိမ့်မယ်
ရွာထဲမှာ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar