ဝင်းမင်းခိုင် - ငါတားတယ်
ငါတားတယ်
ဝင်းမင်းခိုင်
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၂၃
တမိထဲပေါက်မဟုတ်ဘူး
တကိုင်းထဲနားကြတယ်
ဘာသာစကားမတူဘူး
နှလုံးခုန်သံထပ်တူကျတယ်
ဘက်တံဆိပ်မတူဘူး
တလမ်းထဲလျှောက်နေကြတယ်
ဧရာဝတီလို မြင့်ရာကနိမ့်ရာကိုစီးပြီး
ပင်လယ်ထဲဝင်တယ်
ရေခဲတောင်တွေဆီကအေးမြတဲ့လေလို
မြောက်အရပ်ကနေကျန်တဲ့အရပ်အားလုံးကို
စိမ့်ဝင်ပျံ့နှံ့ ယှက်ဖြာတယ်
မင်းသူတို့အထဲကို
ခြေလက်ကလေးတောင်မကျူးကျော်ဖို့
အထပ်ထပ်အခါခါငါတားတယ်
ပဒူအုံထဲကျွံကျတဲ့သားကောင်လို
ဆွဲထုတ်လိုက်သမျှအရိုးချည်းပဲကျန်လိမ့်မယ်
၉.၁၂.၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar