Breaking News

ဝင်းမင်းခိုင် - ငါတို့ရခဲ့တယ်

Art by Than Htay Maung
ငါတို့ရခဲ့တယ်
ဝင်းမင်းခိုင်
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၄

ဘဝင်မြင့်ပြီးသူ့ကိုယ်သူအထင်ကြီးနေတဲ့ရန်သူဆီက
ငါတို့ဘာတွေရခဲ့သလဲ

သူတို့အကြောင်းသူတို့ကိုယ်တိုင်မသိတာရယ်
ငါတို့အကြောင်းအကုန်သိအောင်မကျိုးစားတာရယ်က
သူတို့ဇောက်ထိုးကျခဲ့ရတဲ့ချောက်ကမ်းပါးတခု

ရုပ်ဝတ္ထုတွေရဲ့အားသာချက်ကိုပဲမြင်ပြီး
စိတ်ဓါတ်နဲ့အတွေးခေါ်ရဲ့အားနည်းချက်တွေကို
မြင်အောင်မကြည့်နှိုင်တဲ့ချောက်ကမ်းပါးကတခု

သာနေတဲ့အချိန်တွေမှာအရဲတင်းလွန်ပြီး
နိမ့်ကျချိန်မှာအကြောက်လွန်တာကလဲ
ကြေးစားစိတ်ရှိသူတွေဂျွမ်းပြန်ကျရတဲ့ချောက်ကမ်းပါးတခု

အမှန်တကယ်ပဲ
အဲဒီချောက်ကမ်းပါးတွေထဲထိုးကျခဲ့ရတယ်ဆိုတာ
သူတို့ဆီကသင်ခန်းစာတွေငါတို့ရခဲ့တယ်

၁၆.၁.၂၄
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar