Breaking News

ရဲဘော်တေး - အအူမှ အန ၊ ငနူမှ လဒ ကြားလား

ရဲဘော်တေး - အအူမှ အန ၊ ငနူမှ လဒ ကြားလား

(မိုးမခ) ဇန်နဝါရီ ၂၃ ၊ ၂၀၂၄


ဟောဒီ လောကီမှာ အူကြောင်ကြား လူရောင်ဝါးတယောက်ဟာ ဘယ်သူလဲ ဆိုတာ သိချင်ရင် ဒါလေး ဖတ်ကြည့်လိုက်။

“ရှမ်းမြောက် ဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ တိုက်ခိုက်မှုတွေ ဖြစ်ပေါ် လာတာဟာ  အာဏာကို ဥပဒေနဲ့အညီ ရယူဖို့မဟုတ်ဘဲ ဖြတ်လမ်းနည်းနဲ့  အာဏာရဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ဒီကနေ့ ပြောကြားလိုက်ပါတယ်”

စောက်ပြောက သောက်ပေါ ဆိုတဲ့အတိုင်း အာဏာသိမ်းတဲ့ လနာက “အာဏာကို ဥပဒေနဲ့အညီ ရယူဖို့ မဟုတ်ဘဲ” ဆိုတော့ ဘိုပြော့ရမလဲပေါ့နော် “ ခွေးရိုးထားတဲ့ ပါးစပ်နဲ့ “မဂ် ဖိုလ် နိဗ္ဗာန် ဒန့် တန့် တန်” လုပ်နေသလိုမျိုးဘဲပေါ့နော်။

ဆက်ဖတ်၊ ဖက်သတ်ချင်စိတ်တော့ ပေါက်လာမယ်။

“စစ်ကောင်စီအနေနဲ့ ပြည်သူတွေ လိုလားနေတဲ့  ပါတီစုံ ဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ ဖြစ်ပြီး ရှမ်းမြောက်ဒေသမှာ ဒီမိုကရေစီကျင့်စဉ်နဲ့ နည်းလမ်းတွေကို လေးစားလိုက်နာရန် လိုအပ်တယ်လို့လည်း သူက ပြောပါတယ်”

ခွေးရူးနဲ့ ဒံပေါက်၊ နွားနဲ့ ဖာလူဒါ၊ ဘီလူးစစ်တပ်နဲ့ ဒီမိုကရေစီဆိုတာ နံ့သာဆီနဲ့ အီးလေ။ မဆိုင်တာ ငလှိုင်ရာ ရာဇာနေဝင်း သွေးသစ္စာသီချင်း ဆိုတာလိုပါဘဲ။

“ရွေးကောက်ပွဲအတွက် အကြိုလုပ်ငန်းတွေ ပြီးစီးပါက ရွေးကောက်ပွဲ ကျင်းပပေးပြီး ပေါ်လာတဲ့အစိုးရကို အာဏာလွှဲပေးဖို့ ဦးတည်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်” တဲ့။

အလဲ့၊ သူ ကြိုးစင်တက်ဖို့ကျ မပါဘဲကိုး။ ကဒါဖီလို ထိုးဖင်ဆိုရင်တော့ ကြိုးစင်တောင် ရောက်မယ်မဟုတ်။ သူတို့ချင်း ပြန်ဖုတ်တာနဲ့ ကိုယ်လုပ်လိုက်ရဖို့တောင် မလွယ်ပါပု။ သက်သက်မဲ့သေပေးရတဲ့ စစ်သားတွေဆိုတာ နည်းမှတ်လို့။ မုဆိုးမနဲ့ အဖမဲ့သား လူစာရင်းပယ်ထားတွေဆိုတာ ဘယ်လောက်ရှိမှန်းတောင် မမှန်းနိုင်ဘူးလေ။ ဒုက္ခိတတွေ ဒုနဲ့ဒေး၊ ပြေးစရာ ခြေမရှိ၊ သိစရာ ခေါင်းပြုတ်၊ လုပ်စရာ လက်ပြတ်၊ နှပ်စရာ အိမ်ရာမဲ့၊ ငှဲ့စရာ ထမင်းအိုးပျောက်၊ သောက်စရာ ရေနောက် ခြေပျောက် ငွေပျောက် အဖေပျောက် အမေပျောက်တွေ၊ အသက်ပျောက် လက်ပျောက် မနက်ပျောက်တွေ၊ ဘဝပျောက် အလှပျောက် ဓနပျောက် အမပျောက် နှမပျောက်တွေ၊ သားပျောက် မယားပျောက်တွေ တပ်ထဲမှာ ကြပ်ခဲနေ။ မပြတ်ဆဲနေ။ 

“တပ်ဖွဲ့ဝင်တဦးချင်းဟာ ကာကွယ်ရေးအတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ကြောင်းပါ စစ်ကောာင်စီဥက္ကဋ္ဌက ပြောကြားသွားခဲ့ပါတယ်” ဆိုပါလား။

အဲဒီထဲမှာ သူ့သား အောင်ပြည့်စုံ မပါ။ သူ့သမီး ခင်သီရိသက်မွန် မပါ။ သူ့မြေးတွေ အေးဆေးပါ။  သူ့မိန်းမ ဘရန်းဒက်တွေနဲ့ အကန်းတက်နေတုန်းပါ။ 

သန်းရွှေ မြေး နေရွှေသွေးအောင် မပါ။ နေဝင်း မြေး ဝက်မှေး မပါ။ သူတို့တွေ မော်ဒယ်တွေနဲ့ ဟော်တယ်တွေမှာ ပျော်ရယ်နေတုန်းပါ။

ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီး မြေးတွေ မပါ။ အင်တာနေရှင်နယ်စကူးလ်မှာ အမြူးမပျက် ပလူးလျှက်ပါ။ နိုက် ဒေးကလပ်မှာ ဖိုက်ပလေး မပြတ်ပါ။ ကုမ္ပဏီတွေ အစုံတည်တုန်းပါ။

ဘာအတွက် စစ်တိုက်ရတယ်ဆိုတာ ဘယ်သူမှ သေချာဂန မသိကြဘဲ သေပွဲဝင်နေကြတုန်းပါ။

မအလနဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့မိသားစုတွေဟာ စစ်ဗိုလ်စစ်သားတွေကို  ကျေးကျွန်တွေလိုလဲ ခိုင်းစေရဲ့။ သက်ဦးဆံပိုင်ဘုရင်တွေလိုလဲ စိတ်ကြိုက်အသေခံစေရဲ့။ ငအငတုံးတွေလိုလဲ အစတုန်းစေရဲ့။ ငအူငပေါတွေလို့လဲ လူပြောခံစေရဲ့။ ပြန်လမ်းမဲ့ ခရီးကိုလည်း အပြီးနှင်စေရဲ့။ ကာလသုံးပါးမှာ အနာဂတ်ကို ဖယ်ထားလိုက်ရတဲ့ စစ်သားနဲ့ မိသားစုတွေဟာ သနားစရာဆိုတာထက် အ-ဘဲ အ-ရက်နိုင်လွန်းတယ်လို့ ဆိုရုံမှတပါး။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar