သင်းရည်လွင် - မနက်ခင်းသို့ ပန်းချီရေးခြင်း
မနက်ခင်းသို့ ပန်းချီရေးခြင်း
သင်းရည်လွင်
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၄
တောသစ်ခွပန်းတွေလည်း မနိုးသေး
တောရကျောင်းဆီကအုံးမောင်းသံထဲ
နှင်းကျသံပဲ မြည်တယ်
တစိမ့်စိမ့်အေးလာတဲ့ မြောက်ပြန်လေထဲ
ကျွန်တော်က
ကိုယ့်အတွေးနဲ့ကိုယ်
ငှက်ကလေးတွေအိပ်ရာထပျင်းနေပုံ
စမ်းချောင်းလေးက
သူ့ကိုယ်ကို ရေငွေ့တွေဝတ်လို့
ရှဉ့်ကလေး
သစ်ပင်တက်လေ့ကျင့်ခန်းပျက်ပေါ့
တောကြက်ဖလေးတွန်သံ
နှင်း.ရေလို့ မြည်တယ်ထင်ရတဲ့.နှင်းတွေ
ချစ်သူဆီသည်မနက် မသွားနိုင်ပါဘူး.တဲ့
မြူတွေဆိုင်းလွန်းတယ်
ကျွန်တော့်ကြောင်မလေး
သူ့အမြီးမတွေ့ရတဲ့အထိဝှက်ထား
သည်လိုပဲလေ
ကျွန်တော်တို့လည်း
တစ်စုံတစ်ခု ဝှက်ထားကြတာမဟုတ်လား
နေလာလည်း
နှင်းကပျောက်မယ့်ပုံမမြင်သေးဘူး
တောင်ပေါ.်စေတီအဖျားလေးတောင်မတွေ့ရ
နွေဦးရောက်ရင်တော့
သူ့ကိုမေ့လိုက်ကြအုံးမယ်။
Jan.19
3း24 am
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar