ရတနာပုံဆရာမှတ်ကြီး - အလွမ်းမမ ပန်းမမပြဇာတ်
ရတနာပုံဆရာမှတ်ကြီး - အလွမ်းမမ ပန်းမမပြဇာတ်
(မိုးမခ) ဇန်နဝါရီ ၂၈ ၊ ၂၀၂၄
"ခုဖြစ်နေတဲ့ ပြဿနာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်ဒေသများ ရရှိအောင် ဥပဒေပြင်ပက တောင်းဆိုနေတာကြောင့် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဥပဒေ၊ စည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ဖို့ လိုသေးတယ်"
(ပလ္လင်သူခိုး ငကြင်စိုးရဲ့ ဟောင်သံသဲ့သဲ့ ထွက်လာ)
“အရပ်သား အုပ်ချုပ်နေတုန်းက စစ်စကားတွေပြော၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလာ စောက်ပြဿနာရှာ။ လက်နက်အားကိုးနဲ့ အာဏာလဲသိမ်းပြီးရော ဥပဒေစကားချည်း ပြောတော့တာ။ အင်း နှုတ်သီးကတော့ ရောင်တော့မှာ”
(လူတယောက်မှတ်ချက်ချသံ)
(ရေနွေးငှဲ့သံ)
“မြေကိုလဲ တပ်ပိုင်ထင်နေတုန်း။ သူပေးမှရမယ် မှတ်နေတုန်း။ ဟိုက တိုက်ပြီးသိမ်းပြီးလို့ အုပ်ချုပ်ရေးတောင် စနေပြီ။ သူက ဂျိုပျောက်သလိုလို အမြီးကောက်သလိုလို လုပ်နေတုန်း။ ဗိုလ်မှူးချုပ်ခြောက်ယောက် ပေါင်းပြီး အပ်တိုမကျန်အောင် လက်နက်ချ ရှမ်းမြောက်တခုလုံးနီးနီး ရေစက်ချလိုက်ရတာကို “သားကြီးတို့ အေးဆေး” အထာဖမ်းနေတာ ပေါက်ကိုယ်တော်ပါ ထွက်ဆဲရော။ ဆဲတာမှ သူ့ပွဲမှာ သူ့ကိုဆဲတာနော်။ အဲဒါကို ဖမ်းဖို့ထား ဆွမ်းပါကပ်လိုက်ရသေး”
(ချောင်းဟန့်သံ)
“အဲသလိုဘဲ ဘောမတွေ ဒေါကြွပြီး ပြောကြတာ ပြောကြတာများဆို မပုတုတောင် ထမိန်စွန်တောင်ဆွဲတော့တာရှင့်”
“ ကုန်သွယ်ရေးဂိတ် အကုန်ပျောက်၊ ဟော ခုစောချစ်သူက တာ့တာ လှိုင့်လှိုင်လုပ်သွားလို့ မြဝတီဂိတ်ပါ မီးခိုးတိတ်တော့မှာ။ ပိုက်လိုင်းကလဲ တိုက်တိုင်းရမဟာမိတ်တွေလက် ဝကွက်အပ်ရတော့မှာ။ ကျောက်ဖြူရေချုပ်ကို အသေဖြုတ်တော့မှာရယ်”
“ဟုတ်တယ် ဟုတ်တယ်”
(ခဏတိတ်ဆိတ်သွားသံ)
ခုအချင်းချင်း ရန်တိုက်ပေးလို့ရတော့တာဆိုလို့ ပအိုဝ်းဘဲ ကျန်တော့တယ်လေ။ ဒါလဲ ပအိုဝ်းနီတွေက တပ်တောင်တာဗိုလ်ထုနဲ့ လူစုပြီး ရှမ်းတောင်ကို စသိမ်းနေပါပြီ။ စစ်အာဏာရှင် စမုံတုံးရေး မဟာမိတ်တွေနဲ့ ဝုန်းတော့မယ်လို့ ကြေညာသွားပြီ။ မကြာခင် ဦးအောင်ခမ်းထီ ပအိုဝ်းဖြူလဲ တပ်နဲ့ အိုးစားကွဲတော့မှာ။ တလောကတောင် ဆေးစခွက်လုရင်း တပ်နဲ့ ဗျင်းကြသေးတာလေ။ ပအိုဝ်းနီတွေက ပအိုဝ်းဖြူအောက်ခြေတပ်သားတွေကို စကားပြောနေပါပြီ။ အချင်းချင်းမဗျင်းနဲ့ စစ်ကျွန်ပြုထားတဲ့ ငပုကိုကိုင် ငလှိုင်ကိုကြိတ် အချဉ်သိပ်ကြဖို့တဲ့၊ ဆော်ဩနေပြီ”
“ကောင်းမှကောင်း”
(အတန်ကြာ တိတ်ဆိတ်သွားသံ)
“ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပြည်နယ်များရရှိနိုင်ဖို့ နိုင်ငံရေးအရ ဆွေးနွေးကာ လွှတ်တော်မှအတည်ပြုပေးဖို့လိုအပ်ကြောင်း”
(တင်းယောင်လှိုင်ရဲ့ အုကလိအာသံ)
“လူစာရင်းပျောက်လို့ အမနုဿလိုင်စင်အမည်ပေါက်နဲ့ကောင်က အဲသလို ရာရာစစပါဆို။
မသိရင် တပြည်လုံးပတ်သတ်နေတာ၊ မီးတိုက်နေတာ၊ ဗုံးကြဲနေတာတွေအကုန်လုံး လွှတ်တော်ကဘဲ အတည်ပြုပေးထားသလိုလို။ ပြောလိုက်ရင် ငရုပ်သီးနဲ့သကြား တွဲစားထားတဲ့စောက်ခွက်နက်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ပြည်နယ်တို့ဆိုတာ သောင်းလှိုင်မွေးကထဲက ပါလာတယ်ထင်နေတာ”
“ဟား ဟား ဟား”
(အကြီးကြီးရယ်သံ)
“တပ်မတော်ကြီးဟာဆို မိမွေးတိုင်းဖမွေးတိုင်းဘဲရှိသေးသလိုလို။ အညာမိုင်းနဲ့တင် ဗလာသိုင်းတောင် မကနိုင်တော့တဲ့ ဒုက္ခိတပေါင်းက သောင်းခြောက်ထောင်။ သူက ဒါကို မရှိချင်ယောင်ဆောင်ကြည့်တာ။ တိုင်းရင်းသားတိုင်းက လက်နက်ရော မြေပါ ကိုယ်တိုက်ရင် ကိုယ်ရတယ်ဆိုတာ လက်တွေ့ ဆိုတော့ ဟားပြီပေါ့”
“အင်း ရှမ်းနဲ့ဝပါ ကြမ်းပြရင်တော့ အလွမ်းမမ ပန်းမမဖြစ်ပြီ၊ ၆၀မမ၊ ၁၂၀မမနဲ့တော့ မရတော့ဘူးလေ”
(လူတယောက် မှတ်ချက်ချသံ)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar