ကျော်ဟုန်း - ဂိဇ္ဈကုဋ်အလွန်
ကျော်ဟုန်း
(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၂၄
ကျွန်းလေးပေါ်မှာ
တယောက်တည်းရှိတုန်း
ရတနာသေတ္တာကြီးမျောလာလည်း
အုန်းရည်တချိုက်လောက်
မက်စရာမမြင်ဘူး။
လောက်ချေးပိုးတွေအတွက်တော့
ချေး မစင်ပုံဟာ
သူ့တို့ကမ္ဘာရဲ့
ရွှေနန်းတော်ကြီးပေါ့။
ကိုယ်ပိုင် သေးသေးလေးကို
မျက်ကျဉ်းမှေးနဲ့ ပြန်ကြည့်ပြီး
စကြဝဠာထင်နေသူတွေက
ရောဂါရှာမရသေးတဲ့
အဏုရူးတွေပါ။
ဘယ်မှာ ချေးငှား
သနားရမလဲ
အမှုန်လေးများ။
၂၄၁၂၇
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar