နေစိမ့် - ကမ္ဘာတု
ကမ္ဘာတု
နေစိမ့်
(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၄
စင်ပေါ်ကို
ရော့ခ်အင်ရိုးအကနဲ့ ပရက်စလေ
ပြန်ရောက်လာပြီ
ကြည့်မလား
မော်ဒယ်တွေတပြုံတမနဲ့
ပီကာဆို ပန်းချီရေးပြနေပုံ
ဘရုတ်စလီရဲ့ ကွန်ဖူးတိုက်ခိုက်ပုံ
အကွက်ဆန်းတွေ
စတာလင်က
တပ်နီတော်ကြီးကို အောင်ပွဲရ
မိန့်ခွန်းချွေနေုပုံ
သီပေါမင်းနဲ့စုဖုရားလတ်
ပါတော်မူအခန်းအနားကိုကြည့်ပြီး
မျက်ရည်တွေ သွန်ချချင်သေးလား
ဟောလိဝုဒ်က ကမ္ဘာကျော်မင်းသမီးအတုနဲ့
လူလုပ်ကျွန်းပေါ်မှာ
နှစ်ပါးသွားမလား
ဥရုဝေလမှာ
ဂေါတမဘုရားရှင်ကိုယ်တော်တိုင်
ဟောတော်မူခဲ့သော
သစ္စာလေးပါးတရားနာချင်လား
နတ်သျှင်နောင်ကိုယ်တိုင်
ရတု ရွတ်နေပုံခံစားချင်လား
သေနတ်တစ်ချက်မဖောက်ခဲ့ပဲ
နာမည်ရဗိုလ်အောင်ဒင် ဇာတ်လမ်းတွဲ
ကြည့်ဦးမလား
စစ်ပွဲအတုတွေမှာ
လိုင်စင်မဲ့ သေနတ်အတုနဲ့
လက်ရည်စမ်းလို့လည်းရပါပြီ
AI ကိုဖြဲကြည့်လိုက်တော့
လူသားတွေဆီက အနုကြမ်းစီးထားတဲ့
နှလုံးသားတွေနဲ့
အေဂျင်စီတစ်ခုက ကမ်းလှမ်းလာတယ်
အတုနဲ့အစစ်
အလဲအလှယ် လုပ်ဖို့
ဆန္ဒရှိပါသလား
အမြန်ဆုံး အကြောင်းကြားပါခဗျာ တဲ့
မနက်ဖြန်မှာ
အလုပ်လက်မဲ့တွေ ဖောင်းပွလာတော့မယ်
ချိန်းလိုက်ပြီဗျာ အားတဲ့ တစ်ရက်
ကမ္ဘာအစစ်အကြောင်း
ကမ္ဘာအတုမှာပြောကြတာပေါ့
21 January 24
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar