ရတနာပုံဆရာမှတ်ကြီး - အယ်ဘများနဲ့ သူ့သားများပြဇာတ်
ရတနာပုံဆရာမှတ်ကြီး - အယ်ဘများနဲ့ သူ့သားများပြဇာတ်
(မိုးမခ) ဇန်နဝါရီ ၇ ၊ ၂၀၂၄
“မင်းတို့ ရန်သူကို ဒူးမထောက်နဲ့၊ လက်မမြှောက်နဲ့”
“ဘယ်ကောင်မှ စစ်ခေါင်းဆောင် သားသမီးမြေးမြစ်တွေ ခရိုနီသားသမီးတွေ ယားချင်တိုင်းယားနေဖို့ အသေမခံကြတော့ဘူး အယ်ဘလေး”
“ပဝါမကူ ရေမရှူကြေးဘဲ”
“ဘာကြောင့် စစ်တိုက်ရတာလဲဆိုတာအတွက်လဲ လူစဉ်မီတဲ့အဖြေ မရှိတော့ ပဝါဖြူကူရမှာဘဲအယ်ဘ”
“မဲလိမ်မဲခိုးပြီး အာဏာဖြတ်လုသူတွေကို ဒို့တပ်မတော်မှ မနှိမ်နင်းရင် ဘယ်သူနှိမ်နှင်းမလဲ”
“မော်ဒယ်မှန်သမျှနဲ့ အေးနေဝင်း ဆိုတဲ့ ဝက်ဗျင်းချင်တိုင်း ဗျင်းနေဖို့ အသက်ရင်းပြီး လကွင်းကြီးတီးမနေနိုင်ဘူး အယ်ဘချုပ်၊ ကျုပ်တို့လဲ လူလိုသူလို မူစကူဒူးချင်တယ်၊ အယ်ဘတို့ကျ KTVစော်ကိုယ်စီနဲ့ ကြည်မြလိုက်၊ ပီသလိုက်၊ ချီချလိုက်။ လက်နက်မချဘဲ တိုက်တဲ့ ဗိုလ်မှူးကြီးကျ ကယ်မထုတ်ဘဲ KTV ဇယ်လေးဘဲ ကယ်ထုတ်ခဲ့တာလေ”
“ ဘရွှေရဲ့ ၂၀၀၈ ခြေဥကို တပ်မတော်က ထိန်းသိမ်းစောင့်ရှောက်ရမယ်လေ”
“နေရွှေသွေးအောင် အမြှီးကလေးမြှောက် အီးကလေးပေါက် ရီးကလေးတောက်ဖို့ သမီးကလေးတော့ အဖေ အပျောက်မခံနိုင်ပါအယ်ဘရေ လစ်ပြီ”
“ဒို့တာဝန်အရေးသုံးပါးရှိတယ်လေကွာ”
“ခင်သီရိသက်မွန် မင်းသားချောလေးတွေကို ဗျင်းမလားပြော ဇာတ်ခင်းဖို့ သားတို့တာဝန်မရှိပါ၊ တာ့တာ အယ်ဘ”
“စစ်မှန်တဲ့ရှယ်ရွေးကောက်ပွဲလုပ်ပေးဘို့”
“အောင်ပြည့်စုံ ဆေးရုံထောင်လိုက် ကုမ္ပဏီထောင်လိုက်၊ ပြီးတော့ ရင်ချောင်အောင် အဆင်ထောင်လိုက် ဖင်မြှောင်လိုက်လုပ်ဖို့ ကိုယ့်အသက်အချောင်ပေးရမယ် ဆိုရင်တော့ နိုးပါ အယ်ဘရေ ဒိုးဘီ။ တလက် ငါးဆယ်လဲဟုတ် တရာလဲဟုတ် စရိတ်က ဘယ်ထုတ်ထုတ်ပါ၊ မှတ်ပုံတင်မပါလဲ အေးဆေး”
“ဒီမိုကရေစီဆိုတာ တပ်မတော်က အစပြုပေးခဲ့တဲ့အစဉ်အလာရှိတော့”
“တေဇသားသမီးတွေ မယားရော လင်ရော ထင်သလိုထား နောက်ဆုံးပေါ်ကားတွေနဲ့ သရမ်းချင်တိုင်း သရမ်းနေဖို့လား၊ နားပါအယ်ဘ၊ အချိန်မီ ကြွရအုံးမယ်၊ ဂွဒ်လပ်ပါ။ စစ်ဗိုလ်ချုပ်သားသမီးတွေ ကလပ်တက် ဆေးချ ဖျင်ရိုးဖျင်ခံ နတ်ထီးစံကြဖို့ အသတ်ချည်းခံမယ့်သူမရှိ၊ ဆက်စည်းရုံးမနေပါတော့နဲ့၊ ဟဟဘဲ ရမယ်အယ်ဘ”
“နိုင်ငံတော်ကို တပ်မတော်ကသာ ဦးဆောင်ရမယ်”
“သားတို့တော့ စစ်လာတိုက်တာနဲ့ အယ်ဘရေ တာ့တာဘဲ၊ လာမတိုက်လဲ တံခါးဖွင့် အလံဖြူတင်ထားတော့မှာ။ တပ်အကျမခံချင်ရင် ကိုယ့်ဘာသာ လာနေ၊ သားတို့တော့ လစ်ပီ၊ ဘော်ဘော်တို့ပေးတဲ့ ချစ်ကြည်ရေးစရိတ်နဲ့ လှိမ့်ပြီ”
“ငိုးမသားဒေ”
“ငိုးမအယ်ဘ”
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar