Breaking News

သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ငွေစာရင်းလိမ်မှုနဲ့ နယူးယောက်ပြည်နယ်က ဒဏ်ငွေ သန်း ၃၆၄သန်း ချမှတ်

သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ငွေစာရင်းလိမ်မှုနဲ့ 

နယူးယောက်ပြည်နယ်က ဒဏ်ငွေ သန်း ၃၆၄သန်း ချမှတ်

နိုင်ငံတကာသာဂိ
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄
(မူရင်းသတင်း - NPR News)

သုံးနှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် Trump နှင့် ၎င်း၏စီးပွားဖက်များအား တရားစွဲခဲ့သော နယူးယောက်ရှေ့နေချုပ် Letitia James နဲ့ ပြည်နယ်ကို အနိုင်ပေးလိုက်သည်။ အရပ်ဘက် လိမ်လည်မှုကိစ္စတွင် ထရန့်တို့က ဒေါ်လာ ၃၆၄ သန်းကျော် ပေးဆောင်ရန် New York တရားသူကြီးက အမိန့်ပေးခဲ့သည်။ .

သောကြာနေ့က တရားသူကြီး Arthur Engoron မှ ဆုံးဖြတ်ချက်တွင် Trump နှင့် ၎င်း၏အဖွဲ့အစည်းအား $355 million ပေးချေရန် အမိန့်ပေးခဲ့သည်။ Trump ၏သားနှစ်ယောက်နှင့် တွဲဖက်တရားခံများဖြစ်သော Eric Trump နှင့် Donald Trump Jr. တို့သည် တစ်ဦးလျှင် ဒေါ်လာ 4 သန်း ပေးဆောင်ရန် အမိန့်ချလိုက်သည်။ Trump Organization အမှုဆောင်ဟောင်း Allen Weisselberg သည် ဒေါ်လာ ၁ သန်း ဒဏ်ဆောင်ရမည် ဖြစ်သည်။ ရှေ့နေချုပ်ရုံး၏ အဆိုအရ မူလဒဏ်ကြေးနဲ့ ထည့်ဆောင်းသည့် အတိုးနှုန်းပါဝင်လျင် ဒေါ်လာ သန်း ၄၅၀ ကျော် ရှိသည်။

" သူတို့က အပို ငွေတွေ လိုက်ရှာနိုင်ဖို့ ကုမ္မဏီရဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေ ဖောင်းပွအောင် တိုးပြထားခဲ့လို့သာ အစွပ်စွဲခံရတာပါ။ စာရွက်စာတမ်းတွေက ဒါကို ထပ်ခါထပ်ခါ သက်သေပြနေပါတယ်။ " ဟု Engoron က ရေးသားခဲ့သည်။ “ဒါတောင် တရားခံတွေက သူတို့ရဲ့ အမှားကို ဝန်ခံဖို့ စိတ်မကူးကြဘူး” လို့ မှတ်ချက်ပေးပါသည်။

Trump ကိုယ်တိုင်က Total SHAMလို့ လိမ်ညာမှု လုပ်စားမှု သက်သက်လို့ တုန့်ပြန်လိုက်ပါတယ်။ အမေရိကန် တရားစီရင်ရေးစနစ်တစ်ခုလုံးဟာ သူ့အပေါ် နိုင်ငံရေးအရ လုပ်ကြံတိုက်ခိုက်နေတယ်လို့ ထပ်တလဲလဲ စွပ်စွဲခဲ့ပါတယ်။ သို့သော် ရှေ့နေချုပ် ဂျိမ်းစ်က “တရားမျှတမှုကို ထုတ်ဖော်နိုင်ခဲ့ပြီ” ဟု ကြေညာခဲ့သည်။

"ဒါဟာ ဒီပြည်နယ်၊ ဒီနိုင်ငံအတွက်နဲ့ ကျွန်တော်တို့အားလုံးအတွက် တူညီတဲ့ စည်းမျဉ်းတွေနဲ့ ဥပဒေတွေအောက်မှာ သမ္မတဟောင်းတွေကိုယ်တိုင် လိုက်နာရမယ်လို့ ယုံကြည်သူတိုင်းအတွက် ကြီးမားတဲ့အောင်ပွဲပါပဲ" ဟု ပြည်နယ်ရှေ့နေချုပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar