Breaking News

နေစိမ့် - တစ်ကိုယ်ရည် ကွက်စိပ်

တစ်ကိုယ်ရည် ကွက်စိပ်
နေစိမ့်
(မိုးမခ) ဖေဖော်ဝါရီ  ၁၇၊ ၂၀၂၄

လွန်ခဲ့သောနှစ်တွေ မရှိခဲ့တဲ့ လ တွေ
မသိခဲ့တဲ့ လူတွေ ငြိခဲ့တဲ့သူတွေ
နှီးခဲ့တဲ့ လူတွေ ဝေးခဲ့တဲ့ သူတွေ
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာလို့မရတဲ့ရက်တွေ
တရားမရှိ ဓားမရှိ ညတွေ
ကိုယ့်ရှေ့ အလေ့ကျပင်တွေ ဖွံ့ဖြိုးလို့ 

ဒုက္ခ စစ်တလင်းက တာရိုးတဆုံး
အနမ်းစူးစူးထဲ မြင်းအစင်းစင်း
သွေးမစို့တဲ့ဒဏ်ရာ ယင်းထ
အနံ့ရတယ်
နိဗ္ဗာန်ဆီကလား ငရဲဆီကလား

ကိုယ့်ဆီ ရွေ့ရွေ့လာတာက
ငလျင် ပြတ်ရွေ့ကြော
ပင်လယ်က ခပ်ထုတ်လိုက်တဲ့ကမ်းခြေ
လှိုင်းပေါ် သောင်တင်
နိုင်ငံရေး နိုင်ငံရာမှာ
အရသာက တနိုင်တပိုင် 
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar