Breaking News

မောင်လင်းရိပ် - နကမ္ပတိ

နကမ္ပတိ
မောင်လင်းရိပ်
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄

အဖေ့ရဲ့ ဈာပနကို ဂါရဝလာမပြုနိုင်တဲ့ သားတွေ ရှိတယ်
သားရဲ့ သေကောင်ပေါင်းလဲကို အဝေးကပဲ ရင်ကွဲနိုင်တဲ့ အမေတွေ ရှိတယ်
ပုဂ္ဂလိက ရွေးချယ်ချက်ပဲလို့ ဆိုချင်လည်း ဆိုပါ
နှလုံးသွေးနဲ့ ခြယ်တဲ့ ဇာတ်ကွက်တွေ ခေတ်ထဲ ရင်ကွဲပက်လက်
တစ်နေ့ကျ အလေးပြုဖို့ မေ့လျော့သွားတာပဲ ဖြစ်ဖြစ်
ခလုတ်မှတ်ပြီး တိုက်သွားတာပဲ ဖြစ်ဖြစ် ဘာမဆိုဖြစ်နိုင်တယ်
အမှိုက်တသောသောကို ငုံ့မကြည့်အားတဲ့ နေရောင်ကို ယူပေးသူ သစ်ရွက်တွေပေါ့
သံသယရှင်းရှင်း သတ္တိကောင်းစွာ စိမ်းလန်းခြင်း အနုပညာနဲ့
၂၀၂၄၊ ဖေ ၁၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar