Breaking News

မသခ - ရာဇဝင်ကြွေးများ

ရာဇဝင်ကြွေးများ
မသခ
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၂၄

ပေးဆပ်စရာများကို
တေးမှတ်ကာ ငါထားခဲ့တယ်။

တောင်းရန်အကြွေးကိုတော့
မတောင်းပန်ကြေးပေါ့။

မြစ်ကြီးတွေကိုသာ
တစ်ခေတ်ပြီး တစ်ခေတ်စီးနေမယ်လို့ ထင်ခဲ့တာ
အကြွေးစာရင်းကလည်း
ကျွန်းတွေနဲ့
သောင်တွေနဲ့။

အဘိုးအဘွား
အမိအဘ
သားသမီး
မြေး
မြစ်
"အကြေ" အထိမရောက်မချင်း
စီးဆင်းလို့နေရစ်ကြပုံတွေ။   ။
                                     
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar