ခွန်ထွန်းခင် - ပအိုဝ်းလူမျိုးတုံး သေဆုံးမှုအစ
ခွန်ထွန်းခင် - ပအိုဝ်းလူမျိုးတုံး သေဆုံးမှုအစ
(မိုးမခ) ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၄
ပအိုဝ်းဇော်မဲလုံးလို့ ခေါ်တဲ့ ဘူမသိ ကိုးမသိကောင် စန်းအောင်က ပအိုဝ်းအားလုံးကို သေတွင်းပို့နေတယ်။
"စစ်သားတွေ ထောင်လိုချင်သလား၊ သောင်း လိုချင်သလား၊ သိန်း လိုချင်သလား၊ ပအိုဝ်းရွာတိုင်း စစ်သားဘဲ" လို့ ပြောပါတယ်။ ဘုန်းကြီးတွေကလည်း ဒီလိုသဘောရှိပါတယ်လို့ ထည့်ပြောပါသေးတယ်။
သူနဲ့ ပအိုဝ်းဘုန်းကြီးတွေက စစ်မှုထမ်းဥပဒေကို ဘာမှတ်နေတယ် မသိ။ ပါသွားရင် ပအိုဝ်းဒေသတင်နေရမယ် ထင်နေတာ။ ဟိုက တနိုင်ငံလုံး ပို့ချင်တဲ့ စစ်မြေပြင် ပို့မှာ။ ဒီအချိန်မှာ တနိုင်ငံလုံးက တော်လှန်ရေးသမားတွေက စစ်ရည်ဝနေပြီ။ တူမီးလက်လုပ်နဲ့တောင် ပြာကျအောင် မီးဖုတ်လာတာ။
ကမ္ဘာ့အဆင့် ၃၇ ရှိပါတယ်ဆိုတဲ့ စတန်းဒတ်အာမီကြီးတောင် ပြုတ်ပြုတ်ပြုန်းလို့ စစ်မှုထမ်းဥပဒေထုတ် ဇွတ်စစ်သား လုပ်ခိုင်းတယ်လို့လောက်တောင် မသိသားဆိုးဝါးနိုင်တာတော့ လွန်လွန်းသွားပြီ။ သူတို့ထင်တာက ယောက်ျားလေးပဲ ခေါ်မယ်ထင်နေတာ။ ဟိုက မိန်းကလေးပါ ခေါ်မှာ။ ပအိုဝ်းရွာ ဆိုတာ အများစုက အိမ်ခြေ သုံး လေးဆယ်တွေ။ လူငယ်တွေလည်း စစ်သားလုပ်ရမှာ ကြောက်လို့ ထိုင်းချည်း ပြေးကုန်ကြတယ်။ ဟိုမှာလည်း အလုပ်အကိုင်က သိပ်မရှိလို့ လူတွေ တောင်ပုံနေပြီ။ တဝက်ကြေးလောက်နဲ့ ရရာအလုပ် လုပ်နေရသူတွေ တပုံကြီး။ တဝက်ကြေးကိုလုပ်စရာမရှိလို့ ရောက်နှင့်သူတွေက တင်ကျွေးထားရတာလဲ တပုံကြီး။ ရွာတွေမှာ လူမကျန်ရတဲ့ကြားထဲ စစ်သား ဘယ်လောက် လိုချင်လဲ၊ ပအိုဝ်းရွာတိုင်းစစ်သားပဲ ဆိုပြီး လုပ်တာကတော့ ပအိုဝ်းလူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တာပဲ။ ပြီးရင် စစ်သား ပေးလိုက်ရုံတင်မရ၊ စစ်စရိတ်ပါ ကျခံရသေးတာ။ ထမင်းပါ ချက်ပို့ရသေးတာ။ တကယ်ကျ စန်းအောင်လည်း စစ်ထဲ မဝင်သလို ဘယ်ပအိုဝ်းဘုန်းကြီးမှလည်း စစ်ထဲ မလိုက်ကြဘူး။ မြိန့်မြိန့်ကြီးဘဲ ထိုင်နေကြတာလေ။ ကျန်တဲ့သူက သူတို့ စားဝတ်နေရေးပါ ဆက်တာဝန်ယူရသေးတာ။ တဝီဝီလုပ်ဖို့ အစားတင်မရ ကားပါ တာဝန်ယူရတာ။
ဒီလို အဆင်အခြင်မဲ့ ဟောပြောမှုတွေဟာ ကိုယ့်လူမျိုးအနာဂတ် ပျောက်သွားနိုင်တယ် ဆိုတာ အသေအချာ စဉ်းစားကြပါ။ တနိုင်ငံလုံးရဲ့ရန်သူ စစ်တပ်နဲ့ ဆက်လက်တွဲနေရင် ကိုယ်ပါ ရောချေမှုန်းခံရမယ်၊ နောင် ကိုယ့်လူမျိုး ကိုယ့်ဒေသ သတ်သတ်မှတ်မှတ် အုပ်ချုပ်လုပ်ပိုင်ခွင့်ရဖို့ ခဲယဉ်းမယ်၊ လူငယ်အင်အား ချည့်နဲ့ဆုတ်ယုတ်သွားရင် ကိုယ်ပိုင်ဒေသရဖို့ အုပ်ချုပ်လုပ်ကိုင်နိုင်ဖို့ ခဲယဉ်းမယ်၊ နိုင်ငံရေး အရာမဝင် ဖြစ်မယ်၊ ဒေသနေ လူငယ်မျိုးဆက် ပျောက်မယ်။ အလှူခံစားရတဲ့ ဘုန်းကြီးစာပဲတတ်တဲ့ ကိုယ်တော်တွေနဲ့တင် လူမျိုးတမျိုး ပြန်ထူထောင်လို့မရဘူး။ ဆက်ရပ်တည်လို့မရဘူးဆိုတာလောက်တော့ သိဖို့ ကောင်းတယ်။
စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြီဆိုတော့ ပအိုဝ်းဒေသမလဲ PNO ရဲ့ အခန်းကဏ္ဍ ပြီးပြီ။ သူကြီးရဲ့အခန်းကဏ္ဍ ပြီးပြီဆိုတာလည်း သိကြပုံမရဘူး။ ရွာတွေမှာ PNO မပါဘဲနဲ့ ကြိုက်တဲ့သူ ဆွဲခေါ်သွားလို့ရပြီနော်။ ရူးသလို ပေါသလို ဟောပြောနေကြတာတွေ ရပ်။ ငြင်းရင် ထောင်သုံးနှစ်။ အမြင်ကပ်ရင် ငါးနှစ်။
ပတ်စ်ပို့စ် ရရင် အမြန်လစ်ကြ။ မရရင် တရုတ်ဒိုး။ ကိုယ်ကျိုးနည်းဖို့ လက်တလုံးပဲ လိုတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar