ရဲဘော်တေး - စစ်မင်းသုံးဆက် ဆက်ဖျက်လို့ မရစေရ
ရဲဘော်တေး - စစ်မင်းသုံးဆက် ဆက်ဖျက်လို့ မရစေရ
(မိုးမခ) ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၄
စစ်ဘုရင် နေဝင်း မြေး ဝက်သိုး စစ်ထဲဝင်ဖို့ ထွက်လာခဲ့ ဆိုတော့ လက်ခါခါပြတာများ သွက္ချာပါဒလိုက်နေလား မှတ်ရတယ်။ ဒစ်ရီး မငြိမ်တိုင်း စစ်စည်းစိမ်ခွခွထိုးနေတဲ့ကောင်က စစ်ထဲဝင်ဖို့ကျ အာ့ကျကျ အာ့ကျကျလုပ်နေတာ။
သူ့အဘိုးလက်ထွက် ဗိုလ်ချုပ်ပြုတ်တွေ မြှောက်ပေး၊ မဘသလူမိုက်တွေ ဂျင်းသွင်း၊ မဘသကိုယ် တော်တွေအပင်းလှူ လူမျိုးရေး ဘာသာရေးကို ဝက်စာကျိုသလို မီးထိုးခဲ့တဲ့ကောင်။ စစ်သားလုပ်ဖို့တော့ စာရင်းမပေး၊ စစ်တပ်က ဝက်စာမကျွေးဘဲ ခွေးစာဘဲ ကျွေးမယ်ထင်ပုံရ ညီအကိုတတွေ တုတ်တုတ်မှမလှုပ် အမြီးကုတ်ပြီး ရီးစုပ်နေကြ။
သူ့အဘိုး ပထမ စစ်ယက္ခကြောင့် သေသွားတဲ့ စစ်သား ဆိုတာ သောင်းဂဏန်းမက သိန်းဂဏန်းကျခဲ့မှာ။ ဒုက္ခိတကတော့ တွက်မနေပါနဲ့။ အဲဒီသိန်းဂဏန်းသေသွားတဲ့စစ်သားတွေအသက်၊ ဒုက္ခိတတွေရဲ့ ဒုက္ခတွေကိုရင်းပြီး သူတို့ ခုထိသုံးဖြုန်းပျော်ပါးနေတုန်း။
ဗုဒ္ဓဘာသာကောင်းများပီပီ ငါတို့ ကုသိုလ်ကံကြောင့် နိုင်ငံတကာလှည့် ဖာချလို့ရတာ သူတို့အကု သိုလ်ကံကြောင့် ဒိုင်ခံသေပေး သားမြေးမြစ်ထိ စစ်မှုထမ်းရတာလို့ တွေးချင်လည်း တွေးမှာပ။
ဒုတိယစစ်သဘက်မင်းရဲ့ မြေး နေရွှေသွေးအောင်။ လေပြေသွေးတောင် မခံရတဲ့ကောင်။ စစ်စည်းစိမ်နဲ့ စင်္ကာပူမှာ နေ့ချင်းပြန် ကျောင်းတက်ခဲ့တယ်ဆိုတဲ့ကလေး တပ်ချုပ်ကြီး ကြိုင်ကြိုင်ရဲ့မြေး။
ဒေါ်လာတွေတောင် မီးရှို့ပြတဲ့ MTV တွေ ရိုက်ခဲ့သေး။ မော်ဒယ်လေးမျိုးစုံနဲ့ ကြိုးခုန်ပြီးသကာလ ပါချုပ်ဆရာတော်နဲ့ ဘာသာရေး မေး ဖြေတွေလုပ် သိပ်ဟုတ်သူလေးပေါ့။ ဒေါ်စုနဲ့ ရွှေကြီးကြားတောင် စကားသွယ်ပေးလို့ တချို့နီနီတွေ ချစ်ခဲ့ကြသေးတဲ့ ကောင်လေးပေါ့။
ဒီမအေပေးလေးက ပရီးမီးယားလိဂ်ဘောလုံးတသင်း ဝယ်မလို့တောင် အသံထွက်ခဲ့သေး။ ချန်ပီယံလိဂ်ဆို ကွင်းထဲ သွားကြည့်ခဲ့တဲ့ ကောင်လေးပေါ့။ သူ မကြိုက်တဲ့ကောင်ဆိုလဲ ရှောင်ထားရှားထား အသား လောက်တက်သွားလောက်အောင် အာဏာမြောက်ခဲ့တဲ့ ကောင်လေ။ သူ့အဘိုးစစ်သဘက်အားကိုးနဲ့ အစွယ်ဖြဲပြီး စစ်ဗိုလ်တွေတောင် အိမ်တော်ပါကျွန်ထားခဲ့တဲ့ကောင်ပေါ့။
သူ့ချမ်းသာမှုကလည်း စာရင်းပြုဖို့ မလွယ်လောက်အောင်ပေါ့။ သူလဲ စစ်အားကောင်းလို့ ဒစ်ကားမောင်းတဲ့ တကောင်ဘဲ။ ခု စစ်မှုထမ်းရအောင်ဆိုတော့ ခြေသွက်လက်သွက်များ ထွက်လာမလားမှတ်တယ်။ စစ်မှုထမ်းဥပဒေရေးခဲ့တဲ့ သူ့အဘိုးက တရုတ်လစ်မယ်တဲ့အသံထွက်လာ။ မင်းအောင် လှိုင်က သူ့မြေးတွေကို အချိန်မရွေးဆွဲခေါ်သွားလို့ရတဲ့ဥပဒေဆိုတာ သူမသိဘဲနေမလား။ သူလည်း နေဝင်းမြေးတွေကို သမထားတာဘဲလေ။ ဝက်သိုးကလည်း အဲဒီအတွက် ဘယ်နေရာပက်ရမလဲ ချောင်းနေတဲ့ကောင်။ မအလကလဲ ရွှေကြီး စည်းစိမ်ရရင် သက်တော်စောင့်တပ်မတခုလောက် အေးအေးဆေးဆေး ထထောင်လို့ ရတယ် တွက်မှာပေါ့။ ရွှေကြီးထက် ကြွယ်ဝတဲ့သူ ဘယ်သူ ရှိမလဲ၊ ဂက်စ်တို့ ဘာတို့ကစလို့ တိုင်းပြည် ဝင်သမျှဒေါ်လာငွေ ခုနစ်ကျပ်တို့ ဆယ့်လေးကျပ်တို့နဲ့ လဲပေးခဲ့တာဘဲတွက်။ ထွက်သမျှ ကျောက်စိမ်း ပတ္တမြားစာရင်း ထပ်တွက်မိရင် ရူးသွားနိုင်တာမို့ မတွက်နဲ့တော့။
တတိယစစ်မိစ္ဆာက မအလ။ စစ်မှုထမ်းရမယ့်ဥပဒေ ထုတ်တော့ သူ့သား အောင်ပြည့်စုံ စစ်ထဲဝင်မယ့်သတင်း တက်မလာ။ တရက်ခြား တကုမ္ပဏီထောင်နေတဲ့ ကောင်။ သူ့ကုမ္ပဏီပေါင်းသောင်း ခြောက်ထောင်ကို စစ်သားပေါင်း သိန်းချီ အသက်နဲ့ ကာကွယ်ပေးခိုင်းထားတာ။ စစ်သားမိသားစုပေါင်း သိန်းချီအသက်နဲ့ ကာကွယ်ပေးနေရတာ။ တိုင်းပြည်အပျက်ခံ ကာကွယ်ပေးခိုင်းထားတာ။ ပြည်သူ သန်းပေါင်းများစွာရဲ့ ဆင်းရဲနဲ့ အလဲအထပ်လုပ်ခိုင်းထားတာ။ တတိုင်းပြည်လုံးရဲ့အနာဂတ်တခုလုံး ထိုးကျွေးထားရတာ။ ကလေးငယ်လေးတွေ အသက်ထောင်ချီနဲ့ အသက်ဆက်ပေးထားရတာ။ လူငယ် အသက်များစွာ စတေးပေးထားရတာ။ လောလောဆယ် သူတို့စည်းစိမ်ကာကွယ်ဖို့ သေပေးရတဲ့စစ်သားစာရင်းဘဲ ခေတ်သစ်မှာ သွားကြည့်။
စစ်မင်းသုံးဆက် ဖျက်ခဲ့သမျှ စစ်မင်း သုံးဆက်ရဲ့လက်ထဲက တိုက်ရာပါငွေနဲ့ တိုင်းပြည်ပြန်ထူ ထောင်ရမှာ။ သူတို့ သုံးဆက်မှာ ဒုက္ခရောက် အသက်ပျောက် ဘဝပျောက် အနာဂတ်ပျောက်သွားသူတွေက ဘယ်လောက်အသိန်းအသန်းလို့တောင် ကိန်းဂဏန်းချပြလို့မရ။
ကဲ ကဲ စစ်သားတို့၊ အဲသုံးကောင် သူတို့စည်းစိမ်တွေ ကာကွယ်ဖို့ စစ်ထဲ ခေါ်မရ လူလည်ဆက်ကျ နေတာ ခံမယ့်အတူတူ စစ်တပ်ကြီးကိုသာ ဖြိုချလိုက်တော့။ မဟုတ်လို့ကတော့ မင်းတို့မိသားစုလဲ ဒီမြေအပြင်မှာ ရှင်စရာ အကြောင်းမရှိတော့။ ပြည်သူ့တော်လှန်ရေးကတော့ စစ်တပ်ရှိသ၍ ရှိနေမှာ။ စစ်တပ်ကလည်း မင်းတို့တပ်ထဲ ရှိသ၍ ရှိနေမှာ။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar