ဒီမောဆို ကြေကွဲဖွယ်ဖြစ်ရပ် ခံစားမှု မိုးမခကဗျာများ
သံဒိုင်မင်း
ထမင်းချိုင့်ပေါ်တင်တဲ့မြေနီမှုန့်တွေလို
ညစ်ထေးခဲ့ကြ
စာသင်ခုံပေါ်
ဘယ်လူလွန်မသားရဲ့ဗုံးဆံကျလာတာလဲ
ကြားလိုက်ရတဲ့အဆန်းတွေထဲမှာ
ရွာလား
ပြာကျသွားပြီ
ဘဝလား
ခွေးဆွဲလို့ကုန်ပြီ
ေဩာ် နေရီရီရယ်
မိုးမှောင်ကျတခန်းရပ်ပြဇာတ်
ဒီအရပ်မှာ
ဒီတင်ပဲ ြအဆုံးသတ်ပါတော့့ ..။ ။
-
ပြည်ဟည်းတဲ့ အသံ
ဝဇီရာဒီဖိုး
သူ့တို့ အတွေးရဲ့ ဆန့်ကျင်ရာ
ဆတိုး အောင်စိတ်ထဲ
မကြောက်တရားတို့ရဲ့
အံကြိတ်သံ
တောက်ခေါက်သံ
ဟေ့...
လက်သီးဆုပ်ထဲ
ကျစ်လျစ်နေတဲ့ အသံ။ ။
၀၁:၃၉
၇.၂.၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar