ဝင်းမြင့် - တိမ်
ဝင်းမြင့်
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄
အိမ်ပြန်ရောက်တဲ့ငှက်တွေက
အသံကျယ်လာတယ်။
မရောက်သေးသမျှ လမ်းတွေက
ခရီးပဲ။
ကောက်ကျစ်စဉ်းလဲမှုကိုလည်း တွေ့လိမ့်မယ်
ဖြူစင်ဝင်းပမှုကိုလည်း ရလိမ့်မယ်။
ဘယ်လို ပျံသန်းရမယ်ဆိုတာသာ
သဘာဝအသိပဲ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar