ခိုင်မျိုး - ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄
ဘယ်လောက်ပန်းပန်နိုင်မလဲ
ညက်ညက်ကြေသွားတဲ့အရိုးထဲက
တောက်ခေါက်သံဟာ
လောင်မီးကျပြီး
မြေထဲကထွက်ပေါ်နေတယ်
နွေရဲ့နံရိုးတွေဟာ
ကျည်မှန်ပြီးကွေးသွားတဲ့သံတိုင်တွေလို
အပြိုင်းအရိုင်း
သွေ့ခြောက်မှုတို့သာ
ဗိုလ်လုပ်စိုးမိုးသော
အချိန်ပိုင်းပေါ့
အမြဲမရှိပါဘူးတဲ့
အဲ့သည့်မြေပြင်က
ရုန်းထလာတဲ့မြေစာမြက်တို့ရဲ့
ရာသီနေ့
တနေ့တော့တွေ့မယ်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar