Breaking News

မသခ - နေဝင်ရီ တယော

Art by Than Htay Maung
နေဝင်ရီ တယော
မသခ
(မိုးမခ) မတ် ၁၃၊ ၂၀၂၄

မှောင်ရီသန်းတာနဲ့
အိပ်တန်းဆီပြန်တဲ့ငှက်တွေချည်းပါပဲ။

မနက်က
ဘယ်နှကောင်ပျံပြီး
ညနေကျ
ဘယ်နှကောင်ပြန်ဆိုတာကို
တောင်ပံတွေကိုမေးရင်ဖြင့်
သိနိုင်မယ်ထင်ပါရဲ့။

ဆူညံနေတဲ့သစ်ပင်အုပ်အုပ်ဆီမှာ
မိုးချုပ်လို့
ငှက်တို့တဖြည်းဖြည်းနှုတ်နည်းသွားစဥ်
တစ်ကောင်ထဲ
နှစ်ကောင်တွဲဆိုတာ
အမှောင်ထဲမှာ
မသဲကွဲတော့ဘူး။

နေဝင်ရီတရော တဲ့
အကုန်လုံး တယောတွေချည်းပါပဲလေ။        ။
                           -                            

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar