Breaking News

ကျော်ဇင်ငထင် - ပျော်ရွှင်စရာ နှစ်သစ်ပါ ရွာကလေး

ပျော်ရွှင်စရာ နှစ်သစ်ပါ ရွာကလေး
ကျော်ဇင်ငထင်
(မိုးမခ) မတ် ၁၇၊ ၂၀၂၄

နွေဦးရနံ့သည် သားစားကျူးဘီလူးရနံ့
နွေဦးသည်အရင်လို မဟုတ်
ရွက်ကြွေတောသည်
သင်္ဂြိုဟ်သူကင်းမဲ့လျက်

လေရူးသည် အသက်ဓာတ်မဲ့နေသော
အလောင်းကောင်ပေါ်သို့
ယင်ကောင်တွေ ပျော်ပွဲစားထွက်သလို

မီးလောင်ပြင်သည် အငွေ့မသေသေး
ငိုသံလား ...
ငိုရလွန်းလို့ အစ်ထွက်နေတဲ့မျက်ဝန်းကြီးတွေ
စပါးပြာပုံ တောင်လိုပုံ
ဗိုက်ပွင့်သွားတဲ့ နွားမကို
ယင်မဲကြီးတွေ စားသောက်နေကြ

ရွာ ...
လည်လှီးခံရသကဲ့သို့ ရွာသည်
မြစ်သို့စီးသော ချောင်းလို
မီးနေသည် သွေးချောင်းစီး 
ကလေးအနှီးစုတ်လို ...

ည_ ည သည် 
သည်ရွာကို အဓမ္မ ကျင့်၍
အားမရသေး ဆက်၍ ဆက်၍
ရွာသည်
ကမ္ဘာကို နာကျင်ရပုံ ။ ။ 

၁၅.၃.၂၀၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar