Breaking News

မောင်မောင်ငြိမ်းအေး - တစစ်စစ်မြည်နေတဲ့စစ်

Art by Than Htay Maung

တစစ်စစ်မြည်နေတဲ့စစ်
မောင်မောင်ငြိမ်းအေး
(မိုးမခ) မတ် ၂၆၊ ၂၀၂၄

စစ်ကိုကျွန်တော်ချစ်တယ်။

စစ်က
စစ်ကိုစစ်ချသွားနိုင်တယ်။

စစ်က
စနစ်တစ်ခုကိုစစ်ချသွားနိုင်တယ်။

စစ်က
လူတွေကိုစစ်ချသွားနိုင်သလို
ငွေနဲ့ဖြစ်စေ
အာဏာနဲ့ဖြစ်စေ
အသိုင်းအဝိုင်းနဲ့ဖြစ်စေ
လူအချို့ကလက်ဝါးကြီးအုပ်ထားတဲ့အရာမှန်သမျှကိုလည်း
စစ်ချသွားနိုင်ပါတယ်။

ယုတ်စွအဆုံး
ခင်ဗျားဘာလဲ
သူဘာလဲ။
ကျွန်တော်ဘာလဲ
စစ်ကစစ်ချနိုင်ပါတယ်။

တစ်ခုတော့ရှိတယ်
စစ်ကစစ်စစ် စစ်စစ် မြည်နေအောင်
စစ်မှဖြစ်ပါမယ်။

စစ်က
စစ်စစ် စစ်စစ်မမြည်ဘဲ
မစစ်တစစ်ဖြစ်နေရင်တော့
ပြည်သူတွေတစစ်စစ်နာမှာပဲ
တိုင်းပြည်လည်းတစစ်စစ်နာမှာပဲ
စစ်ကစစ်အယောင်ဆောင်ထားရင်
စစ်ဟာဘယ်တော့မှမပြီးနိုင်တော့သလို
ငြိမ်းချမ်းရေးဟာလည်း
စစ်လိုမစစ်တော့ဘူးလေ
ဟိုနေရာမှာတစစ်စစ်
ဒီနေရာမှာလည်းတစစ်စစ်နဲ့
စစ်ကြောင့်နာကျင်နေကြသူအားလုံး
စစ်ကိုစစ် စစ်စစ်ဖြစ်ချင်ကြပေမယ့်
စစ်ကြောင့်ပျော်ရွှင်နေကြသူတွေကတော့
စစ်ကိုစစ် စစ်စစ်ဖြစ််မှာစိုးရိမ်နေကြ။

စစ်ကစစ်အစစ်ဖြစ်နေမှ
ကာလတစ်ခုအလွန်မှာ
တိုင်းပြည်ဟာ တိုင်းပြည်အစစ်
လူထုဟာလူထုအစစ်
စနစ်ဟာစနစ်အစစ်
ပစ္စုပ္ပန်ဟာပစ္စုပ္ပန်အစစ်
အနာဂတ်ဟာအနာဂတ်အစစ်ဖြစ်လိမ့်မယ်။

စစ်ကို စစ် စစ်စစ်ဖြစ်ဖို့
ကျွန်တော်တို့ကိုယ်ထဲကသွေးတွေစစ်စစ် စစ်စစ်မြည်အောင်
လှည့်ပတ်နွေးထွေးစီးဆင်းနေရမယ်။

စစ်ကို
ကျွန်တော်ချစ်ပါတယ်
စစ်ကစစ်မဖြစ်အောင်
အားလုံးစစ်သွားအောင်
စစ်ချနိုင်တယ်မဟုတ်လား။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar