Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နွေဦးသံချပ်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နွေဦးသံချပ်

(မိုးမခ) မတ် ၂၇ ၊ ၂၀၂၄



ကရင်က တမျိုး၊ ကချင်က တမျိုး၊ သေနာမြေမှာ ချွေတယ်၊ ဘဝကဆိုး ဒီဂန်းချက်က အလှဆုံး၊ ဘယ်ဗိုလ်များ ရွေးရမှာတုံး (ဖြူနီပြာဝါသီချင်းအလိုက်) 

ပီဒီအက်တွေ ပေါ်လို့လာ

အာဏာရူးငနာ ဗူးခါစေကြောင်း2

တပ်မတော်ကြီး ထွက်လို့လာ

(ညီညီညာညာ အုံးကြ ဝုန်းကြ)၂

ဒို့နိုင်ငံကြီး သန့်ရှင်းအောင်

မယ်တို့မောင်တို့ ဝုန်းကြ အုံးကြ2

အာဏာသိမ်းတဲ့ ငပုတွေ

သေချင်းဆိုးနဲ့ ညားပါဇေ

စတန်းဒတ်ကြီး ဖီးလ်တာလောက်တော့

ရယ်တာပေါ့ ရယ်တာပေါ့ 


တဆယ့်နှစ်ခွန် စစ်ဆင်ရေး

(မိသားစုတော့ ထိုးမကျွေးဘူး)၂

တဆယ့်နှစ်ခွန် စစ်ဆင်ရေး

(လက်နက်လေးတွေ ကိုယ်စီကိုယ်ချ)၂

တဆယ့်နှစ်ခွန် စစ်ဆင်ရေး

(တပ်ရင်းလေးတွေ ကိုယ်စီထိုးအပ်)၂

တဆယ့်နှစ်ခွန် စစ်ဆင်ရေး

(တရုတ် ပြေးပြီ ခွေးငပုတို့)၂

ဆေးပြားတပ်ကြီး ပြိုတယ်ဆို

(မြန်မြန်ပြိုလေ ကောင်းလေပါဘဲ)၂

ကျားဖြန့်တပ်ကြီး ပြိုဘီဆို

(ကိုကိုတို့ရေ ရှိတ်လိုက်ပါအုံး)၂

မုဒိမ်းတပ်ကြီး ပြိုဘီဆို

(ပျိုပျိုတို့ရေ ရှိတ်လိုက်ပါအုံး)၂


ကရင်နီကျွေး ပအိုဝ်းနီကျွေး ကိုယ်စီအပြိုင်အဆိုင် ပီပြင်ဆွဲလို့ကျွေး၊ ဒီမိုင်းချက်က အလှဆုံး ဘယ်နှကောင်လဲ ပြောကြပါအုံး ....

ပီဒီအက်တွေ ပေါ်လို့လာ

(အာဏာရူးငနာ ဗူးခါစေကြောင်း)၂

တပ်မတော်ကြီး ထွက်လို့လာ

(ညီညီညာညာ အုံးကြ ဝုန်းကြ)၂

ဒို့နိုင်ငံကြီး သန့်ရှင်းအောင်

(မယ်တို့မောင်တို့ ဝုန်းကြ အုံးကြ)၂

အာဏာသိမ်းတဲ့ ငပုတွေ

သေချင်းဆိုးနဲ့ ညားပါဇေ

စတန်းဒတ်ကြီး ဖီးလ်တာလောက်တော့

ရယ်တာပေါ့ ရယ်တာပေါ့ 


တိုက်ပွဲမှန်သမျှ သေဆုံးရ

(အဘဘက်မှာ စစ်သားကုန်လု)၂

စစ်ဥထုတ်ပြီး ဘောစုပ်ခိုင်း

(ဒို့တိုင်းသူတွေ နူရာဝဲစွဲ)၂

အုက်ကြီးတွေလဲ သေပွဲဝင်

(မဲအရင်ပေါက်တာ သူတို့ သူတို့)၂

ကြံရာမရ ငပုမှာ

(ကိုယ့်လအုကို ထုပြီးနေရ)၂

စစ်ဥထုတ်မှ စစ်သားတိုး

(တိုးပါတယ်ကွယ် ပီဒီအက်ဖက်)၂

စစ်ဥထုတ်တဲ့ သရေကြိုး

(သေချင်းဆိုးနဲ့ တိုးပါစေသား)၂

ဟေးလာမောင်တို့ဝါး။


ချင်းတောင်တမျိုး၊ ယောနယ်တမျိုး၊ တောင်ပေါ် ထောင်စော်ပါတယ်၊ အဖြစ်ကဆိုး ဒီဒရုန်းက အလှဆုံး၊ ဘယ်စစ်ကြောင်း ရွေးရမှာတုံး 

ပီဒီအက်တွေ ပေါ်လို့လာ

(အာဏာရူးငနာ ဗူးခါစေကြောင်း)၂

တပ်မတော်ကြီး ထွက်လို့လာ

(ညီညီညာညာ အုံးကြ ဝုန်းကြ)၂

ဒို့နိုင်ငံကြီး သန့်ရှင်းအောင်

(မယ်တို့မောင်တို့ ဝုန်းကြ အုံးကြ)၂

အာဏာသိမ်းတဲ့ ငပုတွေ

သေချင်းဆိုးနဲ့ ညားပါဇေ

စတန်းဒတ်ကြီး ဖီးလ်တာလောက်တော့

ရယ်တာပေါ့ ရယ်တာပေါ့ 


နွေဦးတော်လှန်ရေး အထူးအလုပ်

(အရူးအုပ်လို့ မရစေရ)၂

နွေဦးတော်လှန်ရေး အနှစ်သာရ

(စစ်ဘောမဆို လစ်တော့လစ်တော့)၂

နွေဦးတော်လှန်ရေး အလံတော်

(CDMနော် သိဖို့ သိဖို့)၂

နွေဦးတော်လှန်ရေး တပ်ဦးမှာ

(မြူးရွှင်နေတာ ဂျင်ဇီးတွေဘဲ)၂

တော်လှန်ရေးကို အချောင်မနှိုက်နဲ့

(ကိုယ်တိုက်ကိုယ်ယူ ကိုယ့်ပြည်သူဟေ့)၂

ဟေးလာမောင်တို့ဝါး။


တနင်ကတမျိုး သာရီကတမျိုး ရှယ်တွယ်တယ် ပင်လယ်လှိုင်းထက်ဆိုး ဟိုတိုပြတ်က အလှဆုံး ဘယ်စစ်ကြောင်း ထွက်ခဲ့မှာတုံး

ပီဒီအက်တွေ ပေါ်လို့လာ

(အာဏာရူးငနာ ဗူးခါစေကြောင်း)၂

တပ်မတော်ကြီး ထွက်လို့လာ

(ညီညီညာညာ အုံးကြ ဝုန်းကြ)၂

ဒို့နိုင်ငံကြီး သန့်ရှင်းအောင်

(မယ်တို့ မောင်တို့ ဝုန်းကြ အုံးကြ)၂

အာဏာသိမ်းတဲ့ ငပုတွေ

သေချင်းဆိုးနဲ့ ညားပါဇေ

စတန်းဒတ်ကြီး ဖီးလ်တာလောက်တော့

ရယ်တာပေါ့ ရယ်တာပေါ့ 


ဆန္ဒပြလည်း မပျက်တယ်

(ဒို့ထားဝယ်နဲ့ ဘိတ်နယ်တလွှား)၂

အတိုက်ကလဲ မရပ်ပါ

(အပြတ်အတို မှိုလိုပေါက်ပေါ့)၂

မသေရဲလဲ ထွက်နေရ

(မအလရဲ့ အိမ်စောင့်ခွေးတို့)၂

ကလေးတွေက အဖေပျောက်

(မယားမဲဖောက် အမေပါပျောက်)၂

မအလဘောအောက်က ထွက်ခဲ့ပါ

(ပြည်သူ့လက်မှာ ပျော်ပျော်နေဖို့)၂

သားစဉ်မြေးဆက် မညှိုးငယ်

(လူ့ဘုံအလယ် လူတွင်ကျယ်ရေး)၂

ဟေးလာမောင်တို့ဝါး။


အညာကဗျင်း၊ ကသာက ဗျင်း၊ တပ်ခွဲကနေ တပ်ရင်း၊ ဘာလာလာ ဗျင်းကြတာပဲ၊ ဘယ်စစ်တိုင်း ဖိုင်းရမှာလဲ... 

ပီဒီအက်တွေ ပေါ်လို့လာ

(အာဏာရူးငနာ ဗူးခါစေကြောင်း)၂

တပ်မတော်ကြီး ထွက်လို့လာ

(ညီညီညာညာ အုံးကြ ဝုန်းကြ)၂

ဒို့နိုင်ငံကြီး သန့်ရှင်းအောင်

(မယ်တို့မောင်တို့ ဝုန်းကြ အုံးကြ)၂

အာဏာသိမ်းတဲ့ ငပုတွေ

သေချင်းဆိုးနဲ့ ညားပါဇေ

စတန်းဒတ်ကြီး ဖီးလ်တာလောက်တော့

ရယ်တာပေါ့ ရယ်တာပေါ့ 


အညာသူတွေ အမြဲနွဲ

(အသံမစဲ သပိတ်ပွဲဟေ့)၂

အညာသားတွေ မိုင်းဘဲဆွဲ

(ဗိုင်းခနဲ လဲတာ ဘယ်သူလဲဟေ့)၂

တရုတ်ကိုပြေး အသက်ဘေး

(နှေးတဲ့ ခြေထောက် သစ္စဖောက်ဟေ့)၂

ဘင်္ဂလားကို ပြေးဘီဆို

(နှေး‌တဲ့ခြေထောက် သစ္စဖောက်ဟေ့)၂

ယိုးဒယားကို ခြေလျင်ဆို

နှေးတဲ့ခြေထောက် သစ္စဖောက်ဟေ့

အိန္ဒိယကို ခိုပြီဆို

(နှေးတဲ့ခြေထောက် သစ္စဖောက်ဟေ့)၂

ဟေးလာမောင်တို့ဝါး


ချင်းတောင်တမျိုး၊ ယောနယ်တမျိုး၊ တောင်ပေါ် ထောင်စော်ပါတယ်၊ အဖြစ်ကဆိုး၊ ဒီဒရုန်းက အလှဆုံး ဘယ်စစ်ကြောင်း ရွေးရမှာတုံး

တနင်ကတမျိုး၊ သာရီက တမျိုး၊ ရှယ်တွယ်တယ် ပင်လယ်လှိုင်းထက်ဆိုး၊ ဟိုတိုပြတ်က အလှဆုံး၊ ဘယ်စစ်ကြောင်း ထွက်ခဲ့မှာတုံး

သင်္ချိုင်းကြီးထဲ ရောက်သလို မြီးတိုမြီးရှည် ခွာစုံပေါ့

သေနာကောင်တွေ ဟိုမှာကြည့်

ခွေးသေးပန်းများ ပွင့်ကြလို့ ရွာတကာမှာ ပြာပုံပဲ

ပြည်သူဆိုတာ ငိုနေရ

နွေဦးတော်လှန်ရေးက ငနာတွေကို ရှင်းလင်း ငိုနေတာတွေ ရပ်စေကြောင်း

ပန်းပိတောက်တို့ ပွင့်တယ် ဂျင်ဇီး‌တွေက လှတယ် အနာဂတံမှာ ပျော်စရာဟေ့


ကရင်က တမျိုး၊ ကချင်က တမျိုး၊ သေနာမြေမှာ ချွေတယ်၊ ဘဝကဆိုး ဒီဂန်းချက်က အလှဆုံး၊ ဘယ်ဗိုလ်များ ရွေးရမှာတုံး

ကရင်နီကျွေး ပအိုဝ်းနီ ကျွေး၊ ကိုယ်စီအပြိုင်အဆိုင် ပီပြင်ဆွဲလို့ကျွေး၊ ဒီမိုင်းချက်က အလှဆုံး ဘယ်နှကောင်လဲ ပြောကြပါအုံး။

အညာက ဗျင်း၊ ကသာက ဗျင်း၊ တပ်ခွဲကနေ တပ်ရင်း၊ ဘာလာလာ ဗျင်းကြတာပဲ၊ ဘယ်စစ်တိုင်း ဖိုင်းရမှာလဲ။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar