Breaking News

စိုးရိမ် - လက်များ

Art by Than Htay Maung
လက်များ
စိုးရိမ်
(မိုးမခ) မတ် ၁၈၊ ၂၀၂၄

စစ်အတွင်းမှာတော့အားလုံးဟာထင်းပဲ
လောင်စာစွမ်းအင်ဖြစ်နိုင်သလို
ပြာအဖြစ်လည်းပြောင်းလဲနိုင်တယ်
ဘာပဲဖြစ်ဖြစ်လေ
တစ်ယောက်လက်ကိုတစ်ယောက်ကချိတ်ဆက်
မောင်းတင်ပြီးရှေ့ဆက်ကြမယ်
အမှောင်လမ်းကိုဖြတ်ကျော်ဖို့ဆိုတာ
ချောက်ကမ်းပါးပေါ်ပြန်တက်ဖို့ဆိုတာ
စုစည်းမှုဟာ 
အလင်းပြကြယ်ဖြစ်တယ်
နာကျင်တာတွေကို
အင်အားအဖြစ်အသွင်ပြောင်းရင်းပေါ့။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar