Breaking News

ခွေးငတ်နဲ့ အမဲသား

ခွေးငတ်နဲ့ အမဲသား

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း ၊ (မိုးမခ) မတ် ၁၈ ၊ ၂၀၂၄

NCA ၇ ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အုပ်ချုပ်ရေးစနစ်စတင်မယ်လို့ ပြောတာဟာ မအလဖင်ကို တံတွေးဆွတ်တာပါပဲ။ ယွက်စစ်က တခြားသူတွေလို နားရွက်လောက်တော့ လက်ပေခံ တံတွေးဆွတ်ချင်ပုံမရဘူး။

တနည်းအားဖြင့် အသံတိတ် အာဏာသိမ်းတာပေါ့လေ။ 

ဒို့ထိန်းချုပ်နယ်မြေတွေမှာ ဒို့လူတွေကို ဒို့မူနဲ့ အုပ်ချုပ်မယ်၊ အဲဒါ နင့်စောက်ကြောင်း ဘာမှမရှိ။ စစ်မှုထမ်းဥပဒေထုတ်ပြီး ဒို့လူတွေကို ဖြတ်အုပ်ဖို့ မကြံနဲ့။ တွမ်ခံရမယ်လို့ ပြော့ထာဘာ။

အင်း သုံးပူပေါ် လေးပူဆင့်လာတဲ့ မအလဟာ မျောက်သစ်ကိုင်းလွတ် ဖွတ်မချမ်းသာ ခွေးနာလောက်ကိုက် ဖင်နှိုက်ခံရတဲ့ကျား ဝန်တင်နွားအို ကြောင်မြီးတံတိုဖြစ်ပြီပေါ့လေ။ 

ဆရာယွက် ပြောချင်ထာကတော့ ခုဟာက သာမန်အခြေမနေမဟုတ်၊ မင်းပြုတ်တော့မှာ၊ အဲဒါကြောင့် ငါတို့ထိန်းချုပ်နယ်မြေ ငါတို့အုပ်မယ်၊ မင်းစကားနဲ့ပြောရရင် အာဏာထိမ်းပါတယ်ပေါ့။ တကယ်လို့များ မင်းတိမ်းပါးသွားရင် ဆိုတဲ့တေးကို သီတာပါဘဲ။ 

အေးလေ နောက်ဆုံးအကွက် ထုတ်သုံးကာမှ တပြည်လုံး ဒုတိယအကြိမ် ထဆန္ဒပြခံရတော့မယ့်ကိန်းဆိုက်လာတာလေ။ အကွက်က ပွေးကွက်ကြီး၊ အတွေးမနက်တဲ့ ငပွေးအကွက်။ ကိုယ့်သားလေး အောင်ပြည့်စုံတော့ တင်ဒါချ၊ သူများသားတော့ သင်္ခါရလုပ်တာ။ 

လောလောဆယ်အုပ်ကြီးတွေကတော့ အထုပ်ကြီး ပိုက်ပြီ။ ခွေးဘုရားပွဲတွေ့ချက်များ၊ ရပ်ကွက်ထဲဝင်လိုက်ရင် ကြားရပြီ။ 

"လာနော် လာနော် စစ်ဥမစုတ်ချင်ရင် အမြန်လာနော်၊ တ‌ယောက်မှ ငါးသိန်းထဲရယ်။ စာရင်းပယ်ပေးမယ်" ဆိုတာတွေချည်း။ အုပ်ကြီးတိုင်း "ငါက ဗိုလ်အောင်ဒင်" ဆိုပြီး မနောပွဲ ကျင်းပနေကြတယ်။ ဒါ ပျံကျရပ်ကွက်က အုပ်ကြီးအသံ။ ပြီးတော့ ဒါက အနိမ့်ဆုံးဆိုက်ကားသမားသားဈေး။ သူဌေးကတော့ သိန်းသုံးဆယ်ဆယ်လဲဟုတ်၊ ငါးဆယ်လဲဟုတ်။ ရပ်ကွက်လမ်းဘေး ကုမ္ပဏီတိုက်ရိုက်ဈေးနော်၊ စာရင်းကောက်နံပတ်တပ်ပြီးသွားရင်တော့ ဈေးသုံးဆတက်ပြီ၊ ဝစ်သောက်နဲ့ လိုင်စင်ဈေးကွာသလို ကွာသွားတာ။ တက်ဆို မြို့နယ်နဲ့ ရဲမှူးနဲ့ တပ်ဘဲနဲ့ မျှစားရတာကိုး။ လေ့ကျင့်ရေးစခန်းရောက်သွားရင်တော့ အနိမ့်ဆုံးသိန်းတရာ၊ တထောင်ထိပေါက်ပြီ။ ဒါက တပ်ရင်းမှူးတွေဖွင့်တဲ့ကြေး၊ အုပ်ကြီးတို့အဝေးက‌ ငေး။ ဘာမှားပြည်မှာ အရပ်ထဲ တက်ထဲတင် အဲလို လူအရောင်းအဝယ်ဖြစ်နေတာ။ အဲဒါကြောင့် သရေကြိုးအကွက်ကို ပွေးကွက်လို့ပြော့ထာ။ အခု သူ့ကောင်တွေက သူ့ဖင်ကို ပျော်ပျော်ကြီး ချနေကြပြီ။ အဲလိုကောင်တွေလား သူ့အသေခံကာကွယ်ပေးမှာ။ သူ့သား အောင်ပြည့်စုံလေးကို စောင့်ရှောက်ပေးမှာ။ ခင်သီရိသက်မွန်လေးကိုတော့ မသိ။ ခေါကြူမကတော့ မဲဖောက်ခံရမှာသေချာတယ်။ အိမ်ဖော်ခိုင်းဖို့ ကြမ်းတိုက်ဖို့လေ။ သူမြှောက်ပေးတိုင်းသတ်ထားတာ သူ့ရခိုင်တွေတင် ရေကြည့်ပါအုံး။ အုပ်ကြီးတွေ တပ်မှူးတွေဆိုတာ ခြေနေကောင်းတုန်း အထုတ်ဖြည့်၊ မကောင်းရင် အလံဖြူကဆောင်ပြီးသားတွေ။ ဘာဘာ ဘာမှ မသိဘူး၊ လူကြီးခိုင်းလို့လုပ်ရတာချည်းပြောပြီး ဘညွှန့်လုပ်ကြမှာ။ ညှင်းထား ဖမ်းထား သတ်ထားသမျှစာရင်း သူတို့ဆီမှာချည်းလေ။ လုပ်သူစာရင်းရောနော်။ 

ညစ်နည်းမြိုင်မြိုင် မင်းအောင်လှိုင်ဆိုတော့လဲ အဲလိုကောင်တွေများ အမဲသားတုံး ပစ်ကျွေးသလားမသိ။ ခွေးလေခွေးလွင့် ရှင်းချင်လို့ အဆိပ်ထည့် အမဲပစ်ကျွေးတာလို့လဲ ပြောကြတယ်လေ။ ခွေးတပ်ဖြစ်သွားပြီးနောက် ခွေးကောင်းခွေးသန့်တွေနဲ့ ခွေးဂုဏ်ဆာလို့ ခွေးလေခွေးလင့်ရှင်းတဲ့စီမံချက်အကွက်တဲ့။ သူ့အကွက်က ပွေးကွက်ဆိုတော့ မြွေပွေးကွက်ရော ပွေးဝဲကွက်ရော ဖြစ်နိုင်တာဘဲ။ 

ကြည့်စားကြ အုပ်ကြီးတို့ မအလလို စည်ပင်ကောင်က အမဲတုန်းကျွေးတယ်ဆိုတာ သထာလို့မဟုတ်မှန်းတော့ ခွေးတိုင်းသိပေမယ့် ငတ်တော့လဲ စားမိလိုက်ကြတာဘဲမဟုတ်လား။

စစ်ကလည်း ပြီးတော့မှာ၊ စာရင်းစာရွက်ကြီးကိုင်ပြီး ရပ်ကွက်တရားစီရင်ရေးမဏ္ဍိုင်လည်း တက်နေရအုံးမယ်။

ရပ်ကွက်သားတွေ ညီရဲ့လားဟေ့။ 

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar