Breaking News

သူ့သမ္မတ အရွေးမခံရရင် လျပ်စစ်ကားများတွင်ကျယ်လာပြီး အမေရိကန်ပြည်သွေးချောင်းစီးမယ်လို့ သမ္မတဟောင်း ထရန့်က ခြိန်းခြောက်ပြောဆို



သူ့သမ္မတ အရွေးမခံရရင် လျပ်စစ်ကားများတွင်ကျယ်လာပြီး အမေရိကန်ပြည်သွေးချောင်းစီးမယ်လို့ သမ္မတဟောင်း ထရန့်က ခြိန်းခြောက်ပြောဆို

နိုင်ငံတကာသာဂိ၊ (မိုးမခ) မတ် ၂၁၊ ၂၀၂၄


သမ္မတဟောင်းသည် လျှပ်စစ်ကားများကြောင့် အမေရိကန်စီးပွားရေးအပေါ် ထိခိုက်မှုများ အဆိုးဘက်ရောက်မယ်လို့ ပြောလိုက်ပါတယ်။

သမ္မတဟောင်း Donald J. Trump က နို၀င်ဘာလတွင် သမ္မတအဖြစ် အရွေးမခံရပါက သွေးချောင်းစီးမယ်လို့ မကြာသေးမီက ခြိမ်းခြောက်သတိပေးချက်သည် လျှပ်စစ်ကားများကိုသာ ရည်ညွှန်းခြင်းဖြစ်ပြီး နိုင်ငံရေးနဲ့ မဆိုင်ကြောင်း ငြင်းချက်ထုတ်လိုက်ပါတယ်။

သို့သော် မော်တော်ကားနည်းပညာအမျိုးအစားတခုကို သွေးစွန်းသောစကားလုံးများဖြင့် ဆက်စပ်ပြောဆိုခြင်းသည် ထူးဆန်းသည်ဟု ထင်ရပါက၊ ပိုမိုရက်စက်ကြမ်းကြုတ်သော စကားလုံးအသုံးများနဲ့ မစ္စတာ Trump က ရွေးကောက်ပွဲမဲဆွယ်ပွဲတိုင်းမှာ ပြောနေကြဖြစ်ရာ အထူးအဆန်းမဟုတ်လို့ ဆင်ခြေလည်း ပေးနိုင်ပါတယ်။

လျှပ်စစ်ကားများသည် အမေရိက၏ မော်တော်ယာဥ်လုပ်ငန်းကို နိဂုံးချုပ်စေလိမ့်မည်ဟု ကာလရှည်ကြာ ထရန့်က ရန်လိုစကား ပြောထားခဲ့သည်။ သူသည် အမေရိကန်ကား၏ သာမန်ရိုးကျ ဓာတ်ဆီကားများထုတ်လုပ်ရေးကို လျပ်စစ်ကားများက “လုပ်ကြံသတ်ဖြတ်ခြင်း” ဟု စွပ်စွဲထားသည်။ လက်ရှိ အမေရိကန်သမ္မတ Biden ၏ ပေါ်လစီတွင် လျှပ်စစ်ကားများ ရောင်းချခြင်းကို အားပေးခြင်းသည် မစ်ရှီဂန်အော်တိုစက်မှုလုပ်ငန်းတွင် ထုတ်လုပ်မှုကို ထိခိုက်စေသည်ဟု ၎င်းက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

လွန်ခဲ့သည် စနေနေ့တွင်၊ လျှပ်စစ်ကားများနှင့်ပတ်သက်ပြီး မမှန်မကန်ပြောဆိုမှုများစွာကို ဟောပြောပြီးနောက် မက္ကဆီကိုတွင် ထုတ်လုပ်သော်လည်း အမေရိကန်သို့ တင်သွင်းသည့်ကားများအပေါ် "100 ရာခိုင်နှုန်းအကောက်ခွန်" စည်းကြပ်မည်ဟု သူက ပြောဆိုခဲ့သည်။ “ပြီးတော့ ဒီကားတွေကို ခင်ဗျားတို့ ရောင်းနိုင်မှာ မဟုတ်ဘူး” ဟု သူက ပြောသည်။ “အရွေးခံရရင် သည်ကားတွေကို ပိတ်ပစ်မယ်။ သို့သော် ကျွန်တော် အရွေးမခံရရင် သွေးချောင်းစီးသွားမယ်။ သူတို့ ဒီကားတွေကို ရောင်းရမှာ မဟုတ်ဘူး”

George Mason တက္ကသိုလ်မှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆက်သွယ်ရေးစင်တာမှ ဒါရိုက်တာ Edward W. Maibach က မစ္စတာ Trump သည် သူ၏လူအုပ်ကြီးကို နှိုးဆော်ရန်အတွက် အရောင်အသွေးစုံသောစကားလုံးများကို အလွန်အကျွံအသုံးပြုနေသည်ဟု မှတ်ချက်ပေးပါတယ်။

"ဒေါ်နယ်ထရန့်သည် အပြောအဟော ကျွမ်းကျင်သူဖြစ်သည်" ဟု ၎င်းက ပြောသည်။ “သွေးချောင်းစီးခြင်း” ဟူသော ဝေါဟာရသည် လူကြိုက်အောင် သုံးခြင်းမျှသာ ဖြစ်ပါသည်။ နောက်လိုက်များကို ပြင်းထန်တဲ့ စိတ်ခံစားမှုတွေ လှုံဆော်ဖို့ ၊ စုစည်းဖို့ အကောင်းဆုံးနည်းလမ်းပဲ” ဟု ၎င်းက ဆိုသည်။ သမ္မတ Trump သည် ရွေးကောက်ပွဲ ရှုံးနိမ့်ပါက “သွေးချောင်းစီးမည်” ဟူသော ခြိမ်းခြောက်စကားများနဲ့ လျှပ်စစ်ကားများကို ရည်ညွှန်းသည်ဆိုသော်လည်း အကြမ်းဖက်မှုကို သူ့လူများနားထဲ ရိုက်သွင်းနေသည်၊ အနည်းဆုံး လုပ်ဆောင်နေသည်ဟု နိုင်ငံရေးမိန့်ခွန်းကျွမ်းကျင်သူများက သုံးသပ်ပြကြပါတယ်။

“Demagogue for President: The Rhetorical Genius of Donald Trump” ကို ရေးသားသူ Jennifer Mercieca က ၎င်း၏ သီတင်းပတ်ကုန် မိန့်ခွန်းတွင် မစ္စတာ Trump သည် ကားထုတ်လုပ်ရေး လုပ်ငန်းနဲ့ ပတ်သက်သူ မဲပေးမည့်သူများက သူ့ကို ထောက်ခံအားပေးရန် United Auto Workers ၏ ထရန့်အပေါ် ထောက်ခံရန် ပျက်ကွက်မှုနှင့် ပတ်သက်၍ မကျေနပ်ကြောင်း မှတ်ချက်ချခဲ့သည်။ ထိုအကြောင်းအရာမှာ သူက သူရွေးကောက်ပွဲမနိုင်ရင် သွေးချောင်းစီးမယ်လို့ ဗရမ်းဗတာ သုံးလိုက်ခြင်း ဖြစ်သည်။

သတင်းက New York Times, သရုပ်ဖော်က USA Today







Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar