Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စောက်ဖက်မလုပ်ခြင်းအနုပညာ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စောက်ဖက်မလုပ်ခြင်းအနုပညာ

(မိုးမခ) မတ် ၃ ၊ ၂၀၂၄


စောက်ပုကို စောက်ဖက်မလုပ်ကြတော့။

ဟိုနေ့က အိန္ဒိယ။ ပလက်ဝမှာ ခွက်ချလို့မရတော့တဲ့စစ်ကောင်စီကို ပလစ်ပြီး AAနဲ့ လမ်းကိစ္စ လာဆွေးနွေးတယ်။ မြန်မာ အိန္ဒိယ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ဖို့လေ။ အင်း စောက်ဖက် မလုပ်လဲ မလုပ်စရာ၊ သူ့စစ်သားမှန်သမျှကလည်း အိန္ဒိယဘက်ပဲ ထွက်ထွက်ပြေးလာနေကျမဟုတ်လား။ အဲဘက်က ဗျူဟာမှန်သမျှ ဖြူပြာကျသွားပြီဆိုတော့ အင်း စောက်ပုဆိုတာ စစ်သားမရှိရင် ဂျစ်ကားတောင်မောင်းလို့ မရမှန်း အကုန်သိ။ ကုလားတန်စီမံကိန်းနဲ့စောက်ပုက ရှင်ကွဲ။ 

တရုတ်ကတော့ မပြောနဲ့။ ကနေ့ အခြေအနေမကောင်းရင် နောက်ရက် အီးလှည့်မပေါက်။ အပေါင်ဆိုင်က သူ့ကပ်စတန်မာကို ဆက်ဆံသလိုမျိုးဘဲ၊ ခိုးရာပါပစ္စည်း တိုက်ရာပါပစ္စည်း ဈေးပေါင်ကျိုးနဲ့ရောင်းတဲ့ ငနဲတွေမှန်း သိပြီးသား။ ဓားမြသူခိုး နှမလိုးတွေဆိုတဲ့ဆက်ဆံရေးမျိုးထက် မပို။ NLD ၉၀ ရွေးကောက်ပွဲနိုင်တုန်းကလည်း သူပဲ အရင်ဆုံးကွန်ဂရက်ကျူလေးရှင်း‌ လုပ်တာ။ စကစကတော့ ပြေးပြေးမ ရတာပေါ့။ သန်းရွှေလက်ထက် သိန်းစိန်လက်ထက်လဲ အဲလိုပါဘဲ။ စစ်အုပ်စုအဆက်ဆက် တရုတ်ကြောက်ရပါတယ်ချည်းပြောနေတာဘဲ။ တရုတ်က လူတူသူတူကြိုတာ အသိမမှတ်ပြုဆက်ဆံတာဆိုလို့ ဒေါ်စုဘဲရှိတာလေ။ ချုပ်ထားသမျှစာချုပ်ကလဲ အရပ်သားပြည်သူ့အစိုးရနဲ့ဘဲ ပြင်ချုပ်မှ အခိုင်အမာဖြစ်မယ်ဆိုတာ သိပြီးသား။ ဟော ခု ကိုယ့်ဘာသာ အာဏာသိမ်း စိန်ခေါ်ပြီး ပြန်ဆော်လို့ မြောက်ပိုင်းမှာ ရောင်ကိုင်းလာတော့လဲ ရှောင်ကဲရယ် ကယ်ပါ ကယ်ပါ သူပဲ သွားလုပ်ရတာလေ။ စောက်ပုဆို တရုတ်က အချေတလိုင်းသက်သက်နော်။ 

ဟော လာပြီလာပြီ ဒေါ်သက်ရီ။ 

"မြန်မာနိုင်ငံအပေါ်ထားတဲ့ ထိုင်းနိုင်ငံရဲ့ မူဝါဒကို အသစ်ပြင်ဆင်ချမှတ်ဖို့ ထိုင်းလွှတ်တော်အမတ်တွေက လိုလားနေကြတယ်" လို့ ဒီကနေ့ ထိုင်းလွှတ်တော်မှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့သူတချို့က VOA မြန်မာပိုင်းကို ပြောပါတယ်တဲ့။

ကိုင်း ထိုင်းကလည်း အကြီးအကျယ်ကို စောက်ဖက်မလုပ်ချက်။ "မြန်မာနိုင်ငံအတွက် နိုင်ငံရေး အဖြေရှာနိုင်အောင် အဓိကကျသူတွေ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ပထမအဆင့် လမ်းဖွင့်ပေးလိုက်တာ ဖြစ်တယ်" ဆိုပြီး  လွှတ်တော်ထဲကို တန်းပင့်တော့တာ။ မထင်မရှား ဟော်တယ်ဘားထဲ မဟုတ်ဘူးနော်။ ပင့်တာကလဲ "အဖြေရှာဖို့ အဓိကကျသူတွေ" တဲ့။ သိတယ် ဟုတ်၊ နုကြည် နုစီနဲ့ ဖဒိုတို့၊ တော်လှန်အင်အားစုတို့။ စောက်ပုငနာ သူမပါ ချမ်းသာကိုယ်စိတ် မြဲပါစေဘဲ။ စောက်ပုက ပြဿနာမူလကောင် ဆိုတော့ စောက်ဖက်လုပ်ဖို့ ဝေးကရော။ လူသားစာနာ ကိစ္စတွေဆိုတော့လဲ စောက်ပုနဲ့က လားလားမှမဆိုင်တာ။ နံ့သာဆီနဲ့ အီး။ စောက်ပုကတော့ စောက်ပုအလုပ်လုပ်ရတာပ၊ ကိုယ့်ပြည်သူကူဖို့လုပ်တာကို ကန့်ကွက်သတဲ့။ အဲ ဟောင်သတဲ့။ သူ့မလဲ အောင်ပြည့်စုံလေး တင်ဒါတွေရ၊ ခင်သီရိသက်မွန်လေးဖလန်းဖလန်းထ၊ ခေါသနီမ လဲဗီးအိတ်တွေ တအိတ်ပြီးတအိတ် ချိပ်နေရ၊ မြေးမလေးတွေ အေးဆေး ပညာသင်နေရ၊ ပြည်သူ ဒုက္ခရောက် စစ်သားဒုက္ခိတဖြစ် အားလုံးညစ်နေမှ စားဝင် အိပ်ပျော်တာ မဟုတ်လား။ 

လာအုံးမယ် ဘင်္ဂလားဒေ့ရှ်တို့၊ လာအိုတို့၊ ကမ္ဘောဒီးယားတို့၊ အီးယူနဲ့ အမေရိကကတော့ တော်လှန်ရေးသမားတွေက ခေါင်းအုံးအိပ်နေကြတာ မဟုတ်လား။ အင်း ရှေ့လျှောက် နိုင်ငံခြားရေးဝန်ကြီးတောင် နားရပါတော့မလားမသိ။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar