လေခဏီ - နွားပျောက်ကြီးတရှဉ်း
လေခဏီ - နွားပျောက်ကြီးတရှဉ်း
(မိုးမခ) မတ် ၇ ၊ ၂၀၂၄
နွားပျောက်ကြီးတရှဉ်း လက်ဖွဲ့တယ်ဆိုလို့ သွားဆွဲတာပေါ့။ ဟိုရောက်တော့မှ ပျောက်သွားတဲ့နွားမှန်း သိတာ။ အပြောက်အကွက်နဲ့ နွားကြီး မဟုတ်ဘူးတဲ့။
ခုလဲ မအလကိုယ်တော်ကြီးရဲ့ မန်တုံ နမ့်ဆန် နမ္မတူသုံးမြို့ စစ်အုပ်ချုပ်ရေး ကြေညာပြီး ရှမ်းမြောက်အမည်ခံ လားရှိုးနယ်စားတိုင်းမှူးလေးကို မြို့သုံးမြို့ ပေးသနားပုံက အညာဘက်က မင်္ဂလာဆောင်မှာ နွားပျောက်ကြီးတရှဉ်း လက်ဖွဲ့ပုံနဲ့ တထပ်တည်းပဲ။
တိုက်တိုင်းရှုံးလို့ စစ်သားတွေ မိသားစုတွေ အသက်တော့ သေပြီ၊ ငါတို့ အရှက်ကိုတော့ ချမ်းသာပေးပါ လုပ်ပြီး တရုတ်ကြီး အားကိုးနဲ့ ရှေ့ဆက်မသိမ်းအောင် ရပ်ထားရတဲ့ စစ်ပွဲစာချုပ်ကလေးကိုမှ အားမနာ။ ရှုံးထားတဲ့ မြို့တွေကို အတည်ပေါက်ကြီး စစ်အုပ်ချုပ်ရေး ကြေညာတယ်။ ပယ်လို သွားအုပ်ချုပ်မလဲ။ ဖြတ်တောင်လျှောက်လို့ မရတာလေ။ ဘကြီးအောင် ညာချက်များ၊ ကြောင်အိုပေမှေးက ကြွက်ကလေးကို နှုတ်ခမ်းမွှေးနဲ့ထိုးသလို လားရှိုးမြို့စားတိုင်းမှူးလေးခမျာ ဘယ်သက်သာရှာမလဲ၊ စောက်ရှက်ဂွမ်းပြီးရင်း ဂွမ်းနေတာလေ။
ဘာလဲ၊ မအလက ပြန်ပေးဆွဲစစ်သားတွေ အားကိုးနဲ့ ညီနောင်သုံးဖော်ကို စစ်ကြေညာတဲ့သဘောလား။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတာ တရုတ်ဟဝှာ နာနာကိုင်ဆွဲရေး မဟုတ်လို့ ကိုယ့်လဘာဂျာတွေကို ကိုယ်ပြော့ချင်တာလား။ ခု လက်ကျန်ရှမ်းမြောက်ကို မလွယ်ပေါက်ကတိုးပြီး စစ်အင်အားဖြည့်နေတာဟာ သူ့သား အောင်ပြည့်စုံရဲ့ အသက်အာမခံကုမ္ပဏီကို ဝင်ငွေရလမ်းတွေ ဖန်ပေးနေတာလား။ ဒိုင်စားကွက်တွေချည်းနော်။ တလောင်းမှ ပြန်သယ်မခံဘဲ အလောင်းမပြ ငွေမရ လုပ်နေတာ ကြာပြီ။
ခုတိုင်းကတော့ မကြာခင် စစ်တိုင်းတရှဉ်း လက်ဖွဲ့ရတော့မယ့်ကိန်း။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar