Breaking News

မိုး သက် ငြိမ် ဦး - ရာဇသံ

Art by Than Htay Maung
ရာဇသံ
မိုး သက် ငြိမ် ဦး
(မိုးမခ) မတ် ၈၊ ၂၀၂၄

ငါတို့ဘက်က
တော်လှန်မှာလား ကျွန်ခံမှာလား
တော်လှန်မယ်ဟေ့..တော်လှန်မယ်...

ပလ္လင်ပေါ်ခွေးတက်လို့လဲ
ပလ္လင်ပေါ်ကခွေးဟာ
ဘယ်တော့မှ ဘုရင်ဖြစ်မသွားတာ
နွေဦးခေတ်ရဲ့ အကောင်းဆုံးသက်သေပဲ ။

လမ်းတွေပေါ်လက်ဗလာနဲ့
ကြွေးကြော်ရုန်းကန်ရာကနေ
မြို့ပြဆီဒရုန်းတွေနဲ့
တိုက်ခိုက်တွန်းလှန်ကြပြီ ။

အပင်း အ အ ခွေးမိစ္ဆာဆိုတာ
တောင်းဆိုရုံနဲ့မရ
တိုက်ယူမှသာ မုချရမယ်ဆိုတဲ့အကြောင်း
သမိုင်းဖြစ်ရပ်တွေက သင်ကြားပို့ချပြီးသွားပြီ ။

ယုံကြည်ချက်နဲ့တိုက်တဲ့စစ်ပွဲမှာ
လက်နက်အင်အားလူအင်အားက ပဓာနမဟုတ်
စိတ်ဓာတ်အင်အားကသာ အဓိကကျကြောင်း
ခွေးတွေကို လက်ချာပေးကြ ။
ခွေး ကြီးမှ လက်ပေးသင်ကြ ။

ငါတို့က အလင်းထဲကသူတွေ
ဒါကြောင့် 
မင်းတို့ အလင်းဝင်ကြ ။

ငါတို့မှာပြင်းပြထက်မြက်တဲ့
စိတ်ခွန်အားလက်နက်ကိုပိုင်ဆိုင်ကြတယ်
ဒါကြောင့်
မင်းတို့ လက်နက်ချကြ ။

ငါတို့ဟာ
မွေးရာပါ အခွင့်အရေးတွေကို
မတရားလုယူသိမ်းပိုက်ခံရသူတွေ
ဒါကြောင့် မင်းတို့အလံဖြူထောင်ကြ ။

ငါတို့ရာဇသံက ငါတို့ကြုံးဝါးသံပဲ ။

မင်းတို့ဘက်ကိုသတိပေးလိုက်တယ်
မသေချင်ရင် ​ ပြေး ပြေး
သေပြေးရှင်ပြေး ပြေး...

ခွေးတွေအတွက်
အသေခံမှာလားကျွန်ခံမှာလား..။ ။

2.3.2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar