Breaking News

ရဲဘော်တေး - စောက်ပေါ

ရဲဘော်တေး - စောက်ပေါ

(မိုးမခ) ဧပြီ ၂ ၊ ၂၀၂၄


“စောက်ပေါ”

“အလေးပြု”

သံရှည် သံပျင်း တင်းတင်းအော်သံ အမှောင်ယံထဲမှာ ထွက်ပေါ်လာသည်။

ဤကား ၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတည်း။

ကလေးတယောက် စစ်ဝတ်စုံဝတ်ပြီး အူကြောင်ကြောင် လမ်းလျှောက်လာသည်။ ဘာရယ်မဟုတ် ဗိုလ်ကတော် စော်ကြီးတွေက ပန်းကုံးစွပ်ပေးလိုက်သည်။ ဤကား ဤကလေးနှင့် မိသားစုကို သေမိန့်ချလိုက်ပြီတမုံ့။ ဒီမိသားစုအဖို့တော့ မရှင်တမ်း ခံစစ်။ သို့ပေမဲ့ ဤကလေးသည် ခွေးချုပ် မင်းအောင်လှိုင် မြေးမဟုတ်။

မင်းအောင်လှိုင်ကို သွေးရူးသွေးတန်းတွေ ပြောခိုင်းလိုက်သည်။ နောက်ကွယ်တပ်ကြီးတခုလုံးက စောက်ရူးကို ပြောင်းဝကနေ သောင်းသောင်းဖျဖျ အားပေးလိုက်တော့

 “စစ်မှုထမ်းသစ်ရရင် ဆုံးရှုံးနယ်မြေတွေကို ပြန်တိုက်မယ်” 

လို့ စောက်ရူးက သွေးရူးသွေးတန်း အော်လိုက်ရသည်။

“ရဲဘော်တို့ ရဲဘော်တို့ဟာ စစ်မှုထမ်းသစ် မရှာနိုင်တော့ဘူးဆိုရင် ခွေးဖြစ်ပြီသာ မှတ်ပေတော့”

“သက်သာ”  

“အေးစေ”

ချောက်ချောက်ချားချား သတ်မတော်နေ့အခမ်းအနား ပြီးဆုံးသွားချေပြီ။






Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar