Breaking News

ဝင်းမင်းခိုင် - ပညာရှိတွေငြင်းခုန်ဖို့

ပညာရှိတွေငြင်းခုန်ဖို့
ဝင်းမင်းခိုင်
(မိုးမခ) ဧပြီ ၁၃၊ ၂၀၂၄

ငါတို့ရဲ့ဆန့်ကျင်မှုက
မြင်းမိုလ်တောင်ကိုဇီးစေ့နဲ့ပေါက်တာဆိုတော့
ဆင်ဗိုက်ကိုခြင်ကိုက်သလောက်ပဲရှိမှာပေါ့လို့
လှောင်ပြောင်နှိမ့်ချခဲ့ကြတယ်
ငါတို့ကိုအထင်သေးတာဟာ
ငါတို့အောင်ပွဲခံဖို့အတွက် ကြီးမားတဲ့အထောက်ပံ့ဖြစ်ကြောင်း
ငါတို့ရဲ့ရန်သူတွေ ငါတို့ကိုဝေဖန်သူတွေမသိတာက
ငါတို့ရတဲ့ဆုလာဘ်ပဲ
သူ့အလုပ်သူလုပ်ကိုယ့်အလုပ်ကိုယ်လုပ်ဆိုသလို
ငါတို့အလုပ်ငါတို့လုပ်ရမယ်ဆိုတဲ့တရားထူးမှာ
ငါတို့ပျော်မွေ့ခဲ့ကြတယ်
ငါတို့ရဲ့ရှေ့
အလံဖြူများစွာထောင်ခဲ့တယ်
သူတို့ရဲ့ဦးခေါင်းတွေကငိုက်ကျလို့
သူတို့ရဲ့ဒူးတွေကွေးညွှတ်လို့
ဒါက
ဘာမှမလုပ်ပဲရလာတဲ့ ဆန်းကျယ်တဲ့ကံတရားလို့များ
ကောက်ချက်ဆွဲဦးမှာလား မျက်မမြင်ပုဏ္ဏားတို့
သိမ်ဖျဉ်းသူတို့
ဆက်လက်ရယ်မောနိုင်ပါစေ
ပညာရှိများ
လွတ်လပ်စွာငြင်းခုန်ကြပါလေ

၈.၄.၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar