Breaking News

သစ်ငြိမ်း - အကြောင်းတရားတို့သည် ...

Art by Ar Chie

အကြောင်းတရားတို့သည်  ...
သစ်ငြိမ်း
(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၄

ရေခြား မြေခြား
အနေခြား လည်း
ငါတို့ ရင်ထဲ
တသွေးတည်း တသားတည်း ။

မင်း ဘယ်မှာ နေနေ
မင်း ဘယ်ကို ရောက်ရောက်
မင်း စိတ်က ဒီမှာ
လူချင်း မဆုံလဲ
စိတ်ချင်းဆုံနေတာပဲ မဟုတ်လား။

ရောက်ရာအရပ်မှာ
ကျန်းမာပါစေ  ....
ဘေးရန်ကင်းပါစေ ....
မင်း နာယူနေတဲ့ တရား ၊
မင်း ကျင့်ကြံနေတဲ့ အားထုတ်မှု၊
ငါ့ဆီပို့သော မေတ္တာများ 
ရေမခြား၊ မြေမခြား ။

ငါ ပို့သသော မေတ္တာများ
ရေမခြား ၊ မြေမခြား ။
လူမိုဘိုင်းများ ပြန်လည်ဆုံတွေ့ကြစေသား ။

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar