Breaking News

ရတနာပုံဆရာမှတ်ကြီး - ဘောမှုထမ်းဥမှတပါး ထုစရာမရှိ

ရတနာပုံဆရာမှတ်ကြီး - ဘောမှုထမ်းဥမှတပါး ထုစရာမရှိ

(မိုးမခ) ဧပြီ ၂ ၊ ၂၀၂၄


“ဘောမှုထမ်းဥမှတပါး ထုစရာမရှိ” လို့ သတ်လတော်နေ့မှာ စားပွဲထိုးဝတ်စုံဝတ် သရေကြိုးက လေပျိုးလိုက်တော့ မေရိုးတွေက တွေ့သမျှဆွဲ တပ်ထဲသွင်းဖို့ လုပ်ကြပြီလေ။ 

တပ်သားသစ်နဲ့မှ သတ်အားဖြစ်မတဲ့၊ မဟုတ်ရင် ဖော်ကာဆဲဗင်တိကို စက်နှိုးထားရကိန်း ဆိုက်မယ်ဆိုတော့ တိုင်းပြည်သူပြည်သားတွေလည်း အုံးမွေးလုံးထဲ ထည့်မွှေခံရတဲ့ ကျောက်ခဲတွေ ကိန်းဆိုက်ရတာပ။ 

သရေကြိုးမာမီလှိုင်က ဗိုလ်အောင်ဒင့်လေသံနဲ့ EROတွေ သိပ်မိုက်တယ်တောင် လုပ်သွားသေး။ အဲဒီလိုပြောလို့ ဗိုလ်အောင်ဒင်လိုမြန်း သေနတ်စွမ်းပြမလား မှတ်တာ၊ ပယ်ဟုတ်မလဲ တပ်သားသစ်တွေရရင် ဆုံးရှုံးသွားတဲ့ တိုက်ရာပါပစ္စည်းတွေကို ပြန်လုပြမဟဲ့ဆိုပြီး အပုန်းကြိမ်းဘဲ ကြိမ်းသွားလေရဲ့။ ရှိတဲ့ကောင်တွေကို ဘာမှ စွသုံးမကျဘူးလို့လဲ ဒဲ့မချဲရဲဘူးလေ။ ဟိုက ဝိုင်းဖြဲလိုက်ရင် ဖော်ကာလေးတောင် စက်မနှိုးလိုက်ရဘူး ဖြစ်သွားမှာပေါ့။ သူ့ကို လိုင်းပေါ်တက်ပြီး ခွေးမောင်းသလို မောင်းချနေတဲ့ မဘသတွေကိုတောင် အချုပ်ထဲ တရက် မသိပ်ရဲတာကြည့်။ အဆဲလေး လျှော့အောင်သာ အချုပ်ထဲ ခေါ်ခေါ် အမ်းရသာ။ ဖမ်းတယ် ထင်မနေနဲ့အုံး။ ခုဘဲ ကျော်စိုးဦးကို အမ်းမှန်းသိတော့ ကြောင်မျိုးမင်းက အားကျမခံ တဟီးဟီးတဟားဟား လုပ်ပြန်ပြီ။ နပခတိုင်းမှူးကို AA က လက်နက်ချဖို့ပြောလို့ နားရွက်တံတွေးဆွတ်တဲ့အဆင့် မဟုတ်ဘူး၊ တေးနဲ့ ကော့ပန်းတာဆိုပြီး ခွီနေတယ်။ ကျန်တဲ့ကောင်တွေလဲ တစီစီလုပ်နေကြပြီ။

အင်း ဒို့တွေအသာထားအုံး၊ မာမီလှိုင်နဲ့တွေ့မှ ရပ်ရှားစစ်ဗိုလ်ချုပ်တွေလဲ “သီရိရေ” “ရှန့်” တွေ ဘာတွေ ဖြစ်ကုန်ပြီ။ တော်သေး “သီရိမာ” ဘွဲ့ မပေးလို့။ မဟုတ်လို့ကတော့ ရပ်ရှန်းဗိုလ်ချုပ်တွေ ကုန်းကျော်တံတားအောက်နားမှာ လတ်လျားလတ်လျား လုပ်နေမှာ မြင်ယောင်သေး။ 

အဲကောင်တွေကလဲ ဂျင်းထည့်ချက်။ ဘယ်သူမှမဖတ် မကြည့်တဲ့ မီဒီယာမှာ ထည့်ပေးမှာကို တိုင်းမ်တို့ နယူးဝိစ်တို့လိုလိုနဲ့ အင်တာဗျူးတွေလုပ်၊ အဲဒါကို အဟုတ်မှတ်ပြီး မာမီလှိုင်က သူ့သားသမီးတွေ ခိုးစား အဲ ရိုးသားတယ်ဘာညာ အတည်ပေါက်တွေ အုပ်လို့အုပ်။ သူ့လက်ထက်မှာ ထွက်လာလိုက်တဲ့အသက်တွေ...  အဲ တက်လာလိုက်တဲ့ စီးပွားရေးတွေလို့ နှုတ်သီးပလပ်ကျွတ်လို့ကျွတ်။ ရွေးကောက်ပွဲကလည်း လုပ်ကို လုပ်မှာတဲ့၊ အဆင်ပြေရင်ပြေသလို တလ တရပ်ကွက်လောက်ဖြစ်ဖြစ်လုပ်မှာတဲ့၊ ခြေဥတောင် ၁၄ နှစ်လောက် ရေးတာဆိုတော့ သူ့ရွေးကောက်ပွဲလည်း ၁၅ နှစ်၊ ၁၆ နှစ်လောက် ကြာချင်ကြာမှာပေါ့၊ ကျနော်က အလုပ်တခုကို သေသေချာချာ လုပ်တတ်တာလေတဲ့။ ကျနော်က စကားသာ မပီတာပါတဲ့၊ အလုပ်ကတော့ အူကြောင်ကြောင်လုပ်တတ်ပါတယ်တဲ့။ တကယ့်ငစား မာမီနော်။ ကျနော်က ပူတင်လို အရပ်မရှည်ပေမယ့်တဲ့၊ ညစ်ပတ်တဲ့ နေရာမှာတော့ ပူတင်ကိုလဲ လူမထင်ပါဘူးတဲ့။ စွပ်ဖားဆွဲတဲ့ခွေးလို့ပဲ သဘောထားပါတယ်တဲ့။ ခွေးချင်းတူပေမယ့် အမြှီးနှန့်ကွာ ဆိုသာလို ခညားတို့ ရပ်ရှားအာမီက စွပ်ဖားဆွဲတဲ့ခွေးဆိုတာ ကျနော့်မြန်မာအာမီက စွတ်ပြီးဖားတဲ့ခွေးကို ဘယ်လိုမှ မမီပါဘူးတဲ့။ 

ရပ်ရှားကောင် ကော့နေအောင် ခံရတာ။ သူ့ခမျာ ဘော်ဒါကြေး ဒေါ်လာလေး မြက်မြက်ရလို့သာ သွားဖြီးဖြီးပြနေရရှာတာ။ ကမ္ဘာ့ညုကလိယသခင်ကို မြန်မာ့ညုကလိဆွဘုရင်က ကြိတ်တာ ကြိတ်တာများ ပြိတ္တာကောင် ချီးတွင်းထဲ ကျသလိုလေ။ တကယ်က ထရန်စလိတ်တာ ဆော့ဝဲတွေက မြန်မာစကားအတွက်က ဝါးတားတားအဆင့်ပဲ ရှိသေးတာ။ အဲဒါကို ဟိုကောင်ကလည်း သိသလိုလို ခေါင်းလေးညိတ်လိုက် မျက်တောင်လေးခတ်လိုက်နဲ့ စိတ်ဝင်စားဟန်ပြလိုက်တော့ မာမီလှိုင်ခမျာ မေးလေးငေါ့ငေါ့၊ ငေါ့ငေါ့ပြီး ပြောနေတော့တာလေ။ အမယ် တရားတောင် အဆစ်ဟောလိုက်သေး။

ဘာတဲ့ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားတဲ့။ ဘယ်လိုများထရန်စလိတ်လိုက်သလဲဆိုတာ စိတ်ဝင်စားချက်။ မကောင်းမှုရှောင်နဲ့ ကောင်းမှုဆောင်တို့နှစ်ယောက် စိတ်ကို အဖြူရောင် ဆေးမှုတ်ရမယ်လို့များ ပြန်ပေးလိုက်ရင်တော့ဖြင့်။ ဗုဒ္ဓပါ ပေါတောတောတွေ ဟောတယ် ထင်ကုန်မှာ။

ကျနော်က ဘာမဆို လုပ်ရဲတယ်တဲ့။ ကျနော် ဒီစကားကို အာဏာမသိမ်းခင်ကထဲက ပြောခဲ့တာ။ ခုလည်း ကြုံရင် ကြုံသလို ပြောပြောနေရတယ်တဲ့။ မယုံမှာစိုးလို့။ တကယ်တော့ ကျနော်က ဘာသာတရား အားထားလိုက်စားသူပီပီ ဘုရားဟောနဲ့အညီပြောတယ်ဆိုတာ တိုင်းပြည်က သိပ်သဘောမပေါက်ကြဘူး။ ကျနော် ကိုးကွယ်တဲ့ ဗုဒ္ဓရှင်တော်မြတ် မိန့်မှာခဲ့တာရှိတယ်။ သူ့သားလေး ကိုရင်ဝတ်လာတော့ အရေးတကြီး တန်းပြောရတဲ့ ဆုံးမစကားပေါ့လေ။ ချစ်သား ရာဟုလာတဲ့၊ လိမ်မပြောနဲ့တဲ့။ လောကမှာ လိမ်ပြောတဲ့သူ မလုပ်ရဲတာ ဘာမှ မရှိဘူးတဲ့။

(သရေကြိုး မာမီလှိုင်ရဲ့ သတ်လတော်နေ့မိန့်ခွန်းနဲ့ ရပ်ရှန်းငပွေးနဲ့ ထင်ရာဗျူးမှ ကောက်နုတ်သည်။)





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar