မီဒီယာလုပ်ငန်းတွေ နေဝင်ပြီလော
မီဒီယာလုပ်ငန်းတွေ နေဝင်ပြီလော
နိုင်ငံတကာသာဂိ၊ (မိုးမခ)၊ မတ် ၂၇၊ ၂၀၂၄ရော်ဂျာ ဖစ်လာ သည် သူ ၏ အတတ် နိုင် ဆုံး ကြိုးစား ခဲ့ သော်လည်း ၊ စာနယ်ဇင်းလုပ်ငန်းသည် စီးပွားဖြစ်အလုပ်တခုအဖြစ်မှ ရွေ့လျောကျသွားခဲ့သည် ။ "သတင်းမီဒီယာ” ဆိုတဲ့ အလုပ်သည် ဒစ်ဂျစ်တယ်ကမ္ဘာမှာ ရှင်သန်နိုင်ပါ့မလား။
ဒေးဗစ် စထရစ်ဖဲလ် (ဆန်ဖရန်စစ္စကိုမှ) ရေးသည့် နယူးယောက်တိုင်းသတင်းစာဆောင်းပါးကို ဘာသာပြန်သည်
Roger Fidlerရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း၏ အဓိပ္ပါယ်ကို ရှာချင်ရင် ဤသို့ဖြစ်သည်- တစ်ခါတစ်ရံတွင်၊ အနာဂတ်ကိုသင် ကြိုမြင်နိုင်သော်လည်း မရှောင်လွဲနိုင်ပါ။
လွန်ခဲ့သော အနှစ်သုံးဆယ်က မစ္စတာ Fidler သည် သတင်းစာများတွင် စိတ်ချရသောအနာဂတ် ရှိသည်ဟု ယုံကြည်သော ကျင့်သုံးသော မီဒီယာအမှုဆောင်တစ်ဦးဖြစ်သည်။ ဒစ်ဂျစ်တယ်တော်လှန်ရေးသည် သတင်းများကို ပုံနှိပ်စက်များ စက္ကူများမှ ကျော်လွန် လွတ်မြောက်စေပြီး လူများကို ၂၄ နရီ ချိတ်ဆက်ပေးသော သယ်ဆောင်ရလွယ်ကူသော ကိရိယာများဆီသို့ ရောက်စေသည်။ အချို့သောသတင်းများကို ဗီဒီယိုဖြင့်၊ အသံနှင့် သို့မဟုတ် ရုပ်ပုံများနဲ့ တင်ဆက်နိုင်မည်ဖြစ်သည်။ စာဖတ်သူများသည် မတူကွဲပြားသော အသိုက်အဝန်းများကို ပိုမို ထိတွေ့ဆက်ဆံမှုကို တိုးချဲ့လာနိုင်ပြီး သတင်းများ ဆောင်းပါးများကို ပိုမို မျှဝေနိုင်မည်ဟု သူထင်ခဲ့သည်။
တကယ်တမ်းကျတော့ လူတိုင်းသည် အချိန်တိုင်း အွန်လိုင်းပေါ်တွင် ရှိနေကြတာတော့ မှန်ပါသည်။ ပြည်တွင်းနှင့် ကမ္ဘာက အဖြစ်အပျက်များကို လူတိုင်းက စိတ်ဝင်စားပုံရသော်လည်း အလေးအနက်တော့ မဟုတ်ကြတော့ပါ။ ဒါပေမယ့် မစ္စတာ Fidler မြုတ်နှံတည်ဆောက်ခဲ့သော သမားရိုးကျမီဒီယာတွေအတွက် အကျိုးအမြတ် မဖြစ်ပေါ်ခဲ့ပါ။ ဆယ်စုနှစ်များစွာအတွင်း မီဒီယာနဲ့သတင်းလုပ်ငန်းများ ကျဆင်းလာပြီးနောက် ၎င်းတို့၏ ပြိုလဲကျမှုများ ပိုဆိုးလာပါသည်။
နေ့တိုင်း သတင်းဆိုးတွေ ချည်း ကြားနေရပါသည်။ မကြာသေးမီက ဖွဲ့စည်းထားသော ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ ပြိုလဲသည့်အကြောင်း၊ တစ်ခါတစ်ရံတွင် ရာစုနှစ်တစ်ခုစာ ကျော်ကြားခဲ့သည့် သမိုင်းဝင်စာနယ်ဇင်းလုပ်ငန်းများ ဆုတ်ယုတ်လာသည်များ ကြုံလာရပါသည်။
အလုပ်လျော့ချမှုများကို Law360၊ The Intercept နှင့် လူငယ်အသားပေး ဗီဒီယိုဆိုက် NowThis တို့က ကြေညာခဲ့ပြီး ဝန်ထမ်းတစ်ဝက်ခန့်ကို အလုပ်မှ ထုတ်ပယ်ခဲ့သည်။ နည်းပညာဆိုင်ရာ သတင်းဝဘ်ဆိုဒ် Engadget သည် ၎င်း၏ ထိပ်တန်းအယ်ဒီတာများနှင့် အခြားဝန်ထမ်းများကို ရာထူးမှ ထုတ်ပယ်လိုက်သည်။ Condé Nast နှင့် Time တို့သည် ဝန်ထမ်းများကို အလုပ်များ ဖြုတ်ပစ်နေသည်။ တစ်ချိန်က $5.7 ဘီလီယံတန်ကြေးရှိသော Vice Media နှင့် Sports Illustrated တို့သည် သြဇာအရှိဆုံး မီဒီယာထုတ်ဝေအဆင့်ကနေ ဆက်လက်တည်ရှိနေသည်မှာ မသေချာပါ။ Los Angeles Times နှင့် Washington Post တို့သည် ၎င်းတို့ရှိ ရာနှင့်ချီသော သတင်းထောက်များကို ဖယ်ရှားခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် တည်ရှိခဲ့သော သတင်းစာ လေးစောင်အနက် တစ်စောင် အခုနှစ်မှာ မရှိတော့ပါ။
သတင်းစာနှင့် မဂ္ဂဇင်းများ နှေးကွေးသွားခြင်းကြောင့် ထိခိုက်မှုများ ရှိပါသည်။ ပင်မရေစီးမီဒီယာတွင် ကမ္ဘာနှင့် ပတ်သက်သော သတင်းအချက်အလက်များ ဖြန့်ချိပေးရန် ခက်လာသည်။ အစိုးရနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေး သတင်းပေးပို့မှုများမှသည် ပြည်တွင်း ဒေသအလိုက်အခြေခံသည့် နိုင်ငံရေးသမားများ၏ အကြောင်း သတင်းစုံစမ်းပေးပို့မှု အထိ အကန့်အသတ်များ ဖြစ်လာပါသည်။ သတင်းများသည် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်အားလုံးကို ပိုမိုပွင့်လင်းမြင်သာစေပြီး၊ ၎င်းတို့ကို ပို၍ရိုးသားစေရန် ဖိအားပေးနိုင်ခြင်း ဖြစ်ပါသည်။
အကြံပေး အာဘော်ကော်လံများ၊ ရုပ်ရှင်သုံးသပ်ချက်များ၊ ချက်ပြုတ်နည်းများ၊ စတော့ဒေတာ၊ မိုးလေဝသအစီရင်ခံစာနှင့် အခြားအရာအားလုံးအကြောင်း - သတင်းကိုယ်တိုင်ကလွဲ၍ အွန်လိုင်းတွင် လွယ်ကူစွာ ရွှေ့ပြောင်း ရပ်တည် ရှင်သန်နိုင်ကြပါသည်။ မြို့ရွာ အဆင့် သတင်းများမှသည် ခရိုင် ပြည်နယ်အဆင့်အလိုက် သတင်းတွေကို သက်ဆိုင်ရာ လူထုကို သတင်းပို့ရန် အကုန်အကျခံဖို့ကတော့ ပိုပြီး ခက်ခဲလာပါသည်။
ယခု “သတင်း” ၏ သဘောတရား တစ်ခုလုံး ပျောက်ကွယ်သွားသည့် လက္ခဏာများ ရှိနေသည်။ သူတို့အတွက် ပြည်တွင်းသတင်းတွေ ဘယ်ကရလဲလို့ မေးတော့ လူထုစစ်တမ်းကို ဖြေဆိုသူအများစုနီးပါးက ဆိုရှယ်မီဒီယာမှာ ဖော်ပြထားတဲ့ "သတင်းနဲ့ စာစောင်ဆိုတာတွေ” ကနေ ဖြစ်တယ်လို့ ဆိုပါတယ်။ ပညာရပ်ဆိုင်ရာလေ့လာမှု၏တစ်စိတ်တစ်ပိုင်းအဖြစ် Pennsylvania ရှိ ၎င်းတို့၏ဒေသခံသတင်းစာများကို အခမဲ့ပေးရန် စာရင်းသွင်းသူတောင် မရှိသည်က သက်သေဖြစ်ပါသည်။
“၁၅ ရာစုမှာ ပုံနှိပ်တိုက်တွေ ပေါ်လာပြီး မကြာခင်မှာပဲ ဘုန်းတော်ကြီးကျောင်းတွေမှာ ကျမ်းဂန်တွေကို ကူးယူဖတ်ရှုကြတဲ့ အလေ့ပျောက်ဆုံးသွားတယ်။” ဟု ယခု အသက် ၈၁ နှစ်ရှိ ဆန်တာဖေး၊ N.M.M တွင် အငြိမ်းစားယူနေသော မစ္စတာ ဖီဒ်လာက ပြောကြားခဲ့သည်၊ အမေရိကန်ပြည်ထောင်စုရှိ သတင်းစာအများစု ဆက်အသက်ရှင်နေဖို့ သူက သိပ်အကောင်းမမြင်တော့ပါ။
သတင်းမီဒီယာတို့၏ ဆုတ်ကပ်
လွန်ခဲ့သည့် ရာစုနှစ်ဝက်ကျော်က ဗီယက်နမ်စစ်ပွဲနှင့် နိုင်ငံသား လူ့အခွင့်အရေး ဆန္ဒပြပွဲများ အရှိန်မြင့်လာခဲ့သည်နှင့် အလားတူစွာပင် ယခုအချိန်တွင် အမေရိကန် လူ့အဖွဲ့အစည်းအတွင်း အချင်းချင်း အမုန်းပွားခြင်း စည်းလုံးမှုပြိုကွဲသွားခြင်းနှင့်အတူ သတင်း မီဒီယာများ၏ အဆင့်အတန်းကျဆင်းလာမှုသည်လည်း ယှဉ်တွဲလျက် ရှိပါသည်။ မီဒီယာများ ကျဆင်းလာသည်နှင့်အမျှ စကားပြောသည့်အသံများ (Voice) ဆိုတာထက် စကားများသည့်ဆူညံသံများ (Noice) မြင့်တက်လာသည်။
လွန်ခဲ့သော အနှစ်သုံးဆယ်က၊ Roger Fidler သည် သတင်းစာများ၏ အနာဂတ်အတွက် စိတ်ချရသောအမြင်ကို စွဲမြဲသည့် မီဒီယာအမှုဆောင်တစ်ဦးဖြစ်သည်။ ယခု “သတင်းလုပ်ငန်း” ၏ အယူအဆ တစ်ခုလုံး ပျောက်ကွယ်သွားမည့် လက္ခဏာများ ရှိနေသည်။ ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း သတင်းစာသူဌေးကြီးများအားလုံးအတွက် ရွှေရောင်အချိန်များသည် ထာဝရတည်မြဲမည်ဟု ထင်မြင်ချက်မှာ ဆန့်ကျင်ဘက်ဖြစ်လာပြီး ယခုအချိန်တွင် မှေးမှိန်လာသည်ကို တွေ့ရပြီ။
သူက အင်တာနက်မပေါ်ခင်ကတည်းက သတင်းစာကို မြန်နှုန်းမြင့် ဒစ်ဂျစ်တယ်တယ်လီဖုန်းကွန်ရက်များ သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်သော ဂြိုလ်တုထုတ်လွှင့်မှုများမှတစ်ဆင့် လူထုထံအရောက် ထုတ်လွှင့်ဖို့ ကြိုးစားခဲ့ဖူးသည်။ “ဒါက သမားရိုးကျလေးနက်တဲ့သတင်းစာတွေအတွက် အနာဂတ်လမ်းကြောင်းပဲလို့ ကျွန်တော် ထင်ပါတယ်” ဟု The Boston Globe ၏ နှစ်ရှည် အယ်ဒီတာ Thomas Winship က မစ္စတာ Fidler ၏ ၁၉၉၂ ခုနှစ် ကိုယ်ရေးအကျဉ်းတွင် The New York Times သို့ ပြောကြားခဲ့သည်။
၁၉၉၂ ခုနှစ်တွင် မစ္စတာ Fidler သည် အနာဂတ် အီလက်ထရွန်နစ် သတင်းစာမျိုးကို ဖန်တီးခဲ့သည်။ ထုတ်ဝေသူ အနည်းအကျဉ်းအချို့က ယုံကြည်ခဲ့သော်လည်း၊ ထိုစဉ်က တက်ဘလက်များသည် သတင်းစာများကို ကယ်တင်ဖို့အထိ ဖြစ်မလာခဲ့ပါ။ ပြဿနာတစ်ခုမှာ ဆော့ဖ်ဝဲလ်စံနှုန်းတစ်ခုတည်းအပေါ် တည်ဆောက်ကြဖို့ သဘောတူညီမှုမရှိခဲ့ကြခြင်း ဖြစ်သည်။ Apple မှ iPad ကို 2010 ခုနှစ်တွင် မိတ်ဆက်သည်အထိ တက်ဘလက်များ အမှန်တကယ် ရှင်သန်နိုင်ခြင်း မရှိခဲ့ပါ။ သို့သော် သတင်းလုပ်ငန်းအတွက် တကယ့်ပြဿနာမှာ မထင်မှတ်ထားသော ပြိုင်ဖက်တစ်ခု ပေါ်ထွက်လာခြင်းဖြစ်သည်- ယင်းမှာ အင်တာနက် ပေါ်ထွန်းလာခြင်း ဖြစ်သည်။
“ကျွန်တော်၏ အမြင်က ကျဉ်းမြောင်းလွန်းနေတယ်” ဟု Mr. Fidler က ဝန်ခံခဲ့သည်။
အင်တာနက်သည် ပုံနှိပ်သတင်းစာများနှင့် မဂ္ဂဇင်းများအတွက် အခြားရွေးချယ်စရာ နေရာတခု ပလက်ဖောင်းတခုအဖြစ် ဖန်တီးပြီးနောက် သူကိုယ်တိုင်ပင် သတင်းလုပ်ငန်း၏ ပြိုင်ဖက်ဖြစ်လာကာ နောက်ဆုံးတွင် ပုံနှိပ်သတင်းစာလုပ်ငန်း အများအပြားကို ချေမှုန်းပစ်လိုက်သည်။ "Craigslist၊ လို အွန်လိုင်းကြော်ငြာတင်သည့် သတင်းဆိုက်များ၊ ဆိုရှယ်မီဒီယာများကြောင့် သတင်းစာ၏လည်ပတ်မှုနှင့် ကြော်ငြာဝင်ငွေကို ကျဆင်းသွားစေမည်ဟု ထွန်းသစ်သောနည်းပညာများ၏ ဖြတ်ကျော်တက် အားသာစိုးမိုးသွားနိုင်မှု အားလုံးကို ကျွန်တော် ကြို မတွေးနီုင်ခဲ့ပါဘူး" ဟု Mr. Fidler က ပြောကြားခဲ့သည်။
Tim Berners-Lee သည် လူအများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သတင်းအချက်အလက်မျှဝေခြင်းအတွက် ကိရိယာတစ်ခုအဖြစ် World Wide Web ကို 1989 ခုနှစ်တွင် ဖန်တီးခဲ့သည်။ အင်တာနက်အစပိုင်းတွင် သင်ယူမှု နှေးသူကော မြန်သူပါ အင်တာနက်အလုပ်က အားလုံးအတူတူ လက်တွဲခေါ်ယူခဲ့သဖြင့် သတင်းစာလုပ်ငန်းများကလည်း အယုံလွယ်ခဲ့ကြသည်။ သို့သော် သတင်းစာများသည် ၎င်းတို့၏ သာရေး နာရေး စီးပွားရေး လူမှုရေး နိုင်ငံရေး ကြော်ငြာများကို အင်တာနက်ပေါ်တွင် ချက်ချင်းနီးပါး လက်လွှတ် ဆုံးရှုံးခဲ့ကြရသည်။ ကြော်ငြာများ ပိုစတာများသည် ကာလအတန်ကြာတည်ရှိနေသော်လည်း Google နှင့် Facebook နှင့် နောက်ပိုင်းတွင် Amazon တို့က ထိုစျေးကွက်ကို သိမ်းပိုက်ခဲ့သည်။
အင်တာနက်လုပ်ငန်းများက အသံအားလုံးကို တူညီသောစွာ ကြားနိုင် သိနိုင်စေဖို့ သတင်းထုတ်ဝေသူများ ပါဝင်ကြဖို့ ကြိုဆိုဖိတ်ခေါ်ခဲ့သည်။ သတင်းစာများနှင့် မဂ္ဂဇင်းများသည် အင်တာနက်နယ်မြေတွင် အခကြေးငွေမတွက်ဘဲ ၎င်းတို့ ကွန်တင့်များကို အင်တာနက်ပေါ် တင်ပေးခဲ့ကြသည်။ တကယ်တန်းကတော့ ဆီလီကွန်တောင်ကြားက နည်းပညာလုပ်ငန်းရှင်များက လူအများကို အွန်လိုင်းပေါ် တက်လာစေဖို့ နှင့် ၎င်းတို့နည်းပညာကို ကျယ်ပြန့်စွာအသုံးပြုလာစေရန် ဆွဲဆောင်ဖို့ အရည်အသွေးပြည့်မီသော သတင်းနဲ့ အကြောင်းအရာများကို လိုအပ်သဖြင့် သတင်းစာနယ်ဇင်းကို အသုံးချခြင်းသာ ဖြစ်သည်။
“သတင်းနဲ့ အကြောင်းအရာ (ကွန်တင့် - content) သည် ကုန်စည်တစ်ခုကဲ့သို့ဖြစ်ပြီး နေရာတိုင်းတွင် အခမဲ့ပေးအပ်သင့်သည်ဟု သတင်း စာနယ်ဇင်းထုတ်ဝေသူများသည် အယူအဆမှားကို လက်ခံခဲ့မိကြသည်” ဟု Mr. Fidler က ပြောကြားခဲ့သည်။ Paywalls (သတင်းနဲ့ စာကို ငွေပေးပြီး ဖတ်ရှုခြင်းစနစ်) များကို ဖွဲ့စည်းရန် နှစ်ပေါင်းများစွာ နောက်ကျစွာ အချိန်ယူခဲ့ရပြီး ထိုအချက်ကြောင့် သတင်းနဲ့ စာပေလုပ်ငန်းများ အားနည်းသွားခဲ့ကြပြီ ဖြစ်သည်။
အတိတ်က ရွှေရောင်နေ့များ သည် ထင်သလိုမဟုတ်ခဲ့ပါ …
မီဒီယာနဲ့ပတ်သက်တဲ့ ဝေဖန်နေကြတာတွေအားလုံးဟာ နောက်ဆုံးတော့ ဒွိဟဖြစ်စရာနဲ့ လမ်းဆုံးပါတယ်။
ကျေးရွာ မြို့နယ်အဆင့်က ဒေသခံပရိသတ်များအတွက် သတင်းဆိုတာ မရှိသလောက် ရှားလာပါသည်။ သို့သော် အွန်လိုင်းတွင် ယခင်မျိုးဆက်များထက်စာလျှင် နိုင်ငံခြား၊ နိုင်ငံအဆင့် နှင့် ကျယ်ပြန့်သော လူမှုရေရေး၊ ယဉ်ကျေးမှုဆိုင်ရာ သတင်းများ အချက်အလက်များ ပိုမိုကျယ်ပြန့်စွာ ရရှိနိုင်နေပြီဖြစ်သည်။ ရှေးယခင်က နယ်မြို့သတင်းစာအဆင့်ကနေ သည်လို မြင်ကွင်းကျယ် သတင်းများ တင်ဆက်နိုင်ဖို့ဆိုတာ အတိတ်မှာ မဖြစ်နိုင်ပါ။
“အခြေခံအားဖြင့်တော့ ကမ္ဘာကြီးက ငါတို့အတွက် ပွင့်သွားပြီ။ ပြင်ပမှာ အရမ်းကောင်းတဲ့ ဂျာနယ်လစ်ဇင်ရှိတယ်” ဟု Temple University မှ Klein College of Media and Communication မှ သတင်းစာပညာပါမောက္ခ David Mindich က ပြောသည်။ “လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ငါ့တို့က အချိန်အကြာကြီး နားထောင်ရတဲ့ သတင်းရှည်တွေ စကားဝိုင်းတွေ နားထောင် ဖတ်ရှုခဲ့တဲ့ မျိုးဆက်တစ်ဆက်ဖြစ်ခဲ့တယ်လို့ ငါမြင်တယ်’ဟု သုံးသပ်ပါသည်။ သို့သော် အခုကတာ့ ‘အာရုံစူးစိုက်မှုတွေက ပိုတိုလာပြီ။ သတင်းကို အချိန်ပေးတာလဲ တိုတောင်းလာတယ်။ ဒီလိုဖြစ်လာမယ် မထင်ပါဘူး။” လို့ မှတ်ချက်ချသည်။
ရှည်လျားသောပုံစံဖြင့် အော်ဒီယိုရှိုး(အသံလွင့်အစီအစဉ်) အများစုသည် သတင်းဟု မဆိုကြတော့ပါ။ ရွေးကောက်ပွဲကော်မရှင်အစီရင်ခံစာသည် သတင်းဟု ဆိုကြပြန်သည်။ သတင်းအပေါ် သတ်မှတ်ချက်များ ပျက်ပြားလာသည်ကို မဂ္ဂဇင်းနယ်ပယ်တွင် ပို၍ပင် မျက်ဝါးထင်ထင် တွေ့မြင်နိုင်သည်။ သတင်း၏ မူလရည်မှန်းချက်က အသိပေးဖို့၊ အခုက ဖျော်ဖြေဖို့ ဖြစ်သွားပါပြီ။
“Time မဂ္ဂဇင်းက Taylor Swift ကို တစ်နှစ်တာအကောင်းဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်တာ ကို ကြည့်ကြပါ” လို့ နှစ်ရှည်မဂ္ဂဇင်းလေ့လာသူ Samir Husni က ပြောပါတယ်။ “သမိုင်းမှာ မဂ္ဂဇင်းတွေက Elvis ဒါမှမဟုတ် Beatles ကို ဘယ်တုန်းကမှ မရွေးချယ်ခဲ့ကြဖူးဘူး။ အခုတော့ မဂ္ဂဇင်းက သူမလို ဖျော်ဖြေသူတဦးကို တနှစ်တာအကောင်းဆုံးလူအဖြစ် သတ်မှတ်လိုက်ကြသည်။ ဂျာနယ်လစ်ဇင်တွင် အမှန်တရားကို ထုတ်ဖော်ခြင်းထက် ဂျာနယ်လစ်ဇင်တွင် စျေးကွက်ချဲ့ထွင်ခြင်းက ပိုမိုအရေးကြီးလာသဖြင့် ကျွန်ုပ်တို့သည် ကြော်ငြာရဖို့ထက် ငွေပေးဝယ်မည့် ဖောက်သည်အပေါ်တွင် ပိုပြီး အားကိုးရှာလာကြပါသည်။”
"ဒါက ဒစ်ဂျစ်တယ်ခေတ်က သတင်းစာပညာကို ပြောင်းလဲစေပုံပါပဲ” ဟု ၎င်းက “အခုကိစ္စက လူတိုင်းကို ဖျော်ဖြေပေးဖို့ ၊ ပျော်ရွှင်စေဖို့။ ဒါပေမယ့် သတင်းစာပညာရဲ့ အဓိကအခန်းကဏ္ဍမှာ ဘယ်တုန်းကမှ လူတွေကို ပျော်ရွှင်စေဖို့ဆိုတာ မပါခဲ့ပါဘူး။”
2018 ခုနှစ်တွင် ရုန်းကန်နေရသော TIME မဂ္ဂဇင်းကို ဝယ်ယူခဲ့ကြသည့် ဆီလီကွန်တောင်ကြားမှ စွန့်ဦးတီထွင်သူ Marc Benioff နှင့် သူ၏ဇနီး Lynne က Taylor Swift ရွေးချယ်မှုကို ကွဲပြားစွာရှုမြင်ခဲ့သည်။ TIME ဟာ အဲသည်စာစောင် အရောင်းရဆုံးပဲ!” လို့ ဟစ်ကြွေးလိုက်သည်။ Taylor Swift စာစောင် ပေါ်လာပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် Time မဂ္ဂဇင်း၏ အယ်ဒီတာဝန်ထမ်း ၁၅ ရာခိုင်နှုန်း အလုပ်က ပြုတ်သွားကြောင်း အလုပ်သမားသမဂ္ဂက သတင်းပို့ပါသည်။
ဒါဟာ အကျပ်အတည်းရဲ့ လက္ခဏာတစ်ခုထက် မဟာဗျူဟာမြောက် အရွေ့တစ်ခုဖြစ်တယ်လို့ မစ္စတာ Benioff က ပြောပါတယ်။
"သင် ဒီမီဒီယာလုပ်ငန်းတွေကို အလုပ်ဖြစ်အောင် လုပ်မယ် ဆိုရင်၊ ဝန်ထမ်းတွေ ပေါင်းစပ်ပုံ အချိုးအဆကို ပြောင်းလဲရမယ်ဆိုတဲ့ အဓိပ္ပာယ်က ထုတ်ကုန်တွေပေါင်းစပ်ပုံကိုပါ ပြောင်းလဲရမှာပဲ" ဟု ၎င်းက စာပို့ ဖြေကြားခဲ့သည်။ 2011 ခုနှစ်တွင် တပ်ဆင်ခဲ့သော paywall သည် ယမန်နှစ်က ဖြုတ်ပစ်ခဲ့သည်။ အမှတ်တံဆိပ်တစ်ခုအနေဖြင့် Time သည် ဖြစ်နိုင်သမျှ ပရိသတ်နဲ့ အအကျယ်ပြန့်ဆုံးထိတွေ့မှု လိုအပ်လာသည်။
လွန်ခဲ့သောနှစ်နှစ်က မစ္စတာ Benioff သည် Time ၏ ၀င်ငွေသည် 2022 တွင် 30 ရာခိုင်နှုန်းအထိ တိုးလာမည်ဟု Axios သတင်းဌာန ကို ပြောခဲ့သည်။ အဲဒါက စိတ်လှုပ်ရှားစရာ ဖြစ်သည်။ “2024 မှာ ၀င်ငွေက $200 million ရှိသင့်တယ်” လို့ သူက အခုဆိုပြောပြန်ပါတယ်။ "ငါတို့လည်း ပိုက်ဆံရှာမယ်။"
သတင်းစာကို အမြတ်အတွက်လုပ်နေတာကနေ ခွဲထွက်ဖို့ အခြားစာနယ်ဇင်းလုပ်ငန်းများက ကြိုးပမ်းလာကြပါသည်။
အကျိုးအမြတ်မယူသော သတင်းလုပ်ငန်းများ (Non-Profit News Venture)သည် သေးငယ်ပြီး မထင်ရှားသည့်အပြင် နေရာအနှံ့တွင် တည်ရှိနေကြပါသည်။ ဒါပေမယ့် ထွန်းကားလညမည့် လက္ခဏာတွေ အများကြီးရှိပါတယ်။ သမားရိုးကျ ထုတ်ဝေမှုများမှ အတိတ်တုန်းကတည်းက သတင်းလိုက်ပြီး ဖော်ပြခြင်း မခံခဲ့ရသည့် လူဖြူမဟုတ်သည့် အရောင်အသွေးစုံ လူမှုအဖွဲ့အစည်းများ၏ သတင်းမီဒီယာလုပ်ငန်းအရေအတွက်သည် လွန်ခဲ့သည့်ငါးနှစ်အတွင်းတွင် နှစ်ဆတိုးလာသည်ဟု အကျိုးအမြတ်မယူသောသတင်းအေဂျင်စီဆိုင်ရာ စစ်တမ်းက ဆိုလိုက်သည်။
စာဖတ်သူများလည်း ဒါကို လက်ခံကြပုံရသည်။
“လူတွေက သူတို့ရဲ့ အသိုင်းအဝိုင်းအတွင်းက အကျိုးအမြတ်မယူတဲ့သတင်းလုပ်ငန်းတွေကို သူတို့သတင်းဂေဟစနစ်ရဲ့ မူလအစိတ်အပိုင်းတစ်ခုလို မြင်လာကြတယ်၊ ဒါဟာ တစိမ်းတွေက လာပြီး လွှမ်းမိုးတာမျိုး မဟုတ်လို့ပဲ” ဟု “စျေးကွက်ကျနေချိန် အကျိုးအမြတ်မယူတဲ့ဂျာနယ်လစ်ဇင်ကနေ သတင်းထုတ်ဝေခြင်း” စာအုပ်၏ စာရေးဆရာ Magda Konieczna က ပြောပါတယ်။ တစ်ချို့နေရာတွေမှာ သက်ရောက်မှုက ကြီးမားပါတယ်။ "ဖီလာဒဲလ်ဖီးယားမှာ လူမျိုးစုံအတွက် သတင်းကန္တာရဆိုတာထက် သတင်းတောကြီးဖြစ်နေပါပြီ။"
မစ္စ Konieczna သည် Montreal ရှိ Concordia တက္ကသိုလ်တွင် သင်ကြားပို့ချနေပါသည်။ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က ကနေဒါသတင်းကုမ္ပဏီကြီး Bell Media သည် ရာနှင့်ချီသော အလုပ်အကိုင်များကို လျော့ချလိုက်ပြီး ၎င်း၏ ရုပ်မြင်သံကြားသတင်းထုတ်လွှင့်မှု အများအပြားကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။ ဝန်ကြီးချုပ် Justin Trudeau က ယင်းဆုံးဖြတ်ချက်သည် “ကျွန်ုပ်တို့၏ ဒီမိုကရေစီကို ထိခိုက်စေသည်” ဟု ပြောကြားခဲ့သည်။
"ကျွန်မရဲ့အိမ်နီးချင်းတွေက New Yorker ကိုဖတ်ပေမယ့် ဒေသဆိုင်ရာ လိုကယ်သတင်းတွေကို ဘယ်မှာရှာရမှန်းမသိဘူး ဒါမှမဟုတ် ရှာဖတ်ရကောင်းမှန်းလဲ မသိကြဘူး၊ တကယ်လက်တွေ့မှာလဲ လိုကယ်သတင်းတွေဆိုတာ မရှိသလောက်ဖြစ်နေပြီ” လို့ မစ္စ Konieczna ကပြောပါတယ်။ "ဒါက ဆုတ်ကပ်အနာဂတ်ပါ။"
New Yorker သည် A.J. Liebling သည် စစ်ပြီးခေတ်များ၏ နာမည်ကြီး စာနယ်ဇင်းဝေဖန်ရေးသမားဖြစ်သည်။ 1925 ခုနှစ် သတင်းထောက်ဖြစ်လာကတည်းက သူ့ကိုယ်သူ အဆိုးများကြားက အကောင်းမြင်ဝါဒီတစ်ဦးဟု ခေါ်ဆိုခဲ့သည်။
“လူ့အဖွဲ့အစည်းမှာ စာနယ်ဇင်းတွေရဲ့တာဝန်က သတင်းပေးဖို့၊ ဒါပေမယ့် အခုကျတော့ သူ့ရဲ့အခန်းကဏ္ဍကတော့ ငွေရှာဖို့ပါပဲ” ဟု ၎င်းက ရေးသားခဲ့သည်။ ငွေများများ ရှာနိုင်လေ သတင်းအလုပ်က အရေးမပါတော့လေ ဖြစ်လာသည်။
သတင်းရွှေခေတ် ကုန်ဆုံးသွားသော်လည်း Roger Fidler ကတော့ ဒေသခံတို့သတင်းကို လိုကယ်ထုတ် ပုံနှိပ်သတင်းစာများကနေ ဖတ်ပြီး နိုင်ငံတကာနဲ့ ပြင်ပသတင်းများကို အွန်လိုင်း ဒစ်ဂျစ်တယ်ပလက်ဖောင်းမှ ဖတ်သည်ဟု ဆိုသည်။ ဒေသဆိုင်ရာသတင်းစာများ အများကြီးရှိလာပေမယ့် မလုံလောက်သေးပါဘူး။
"ဆိုရှယ်မီဒီယာနှင့် ၎င်းတို့၏ ကွန်မင့်များ တုန့်ပြန်ချက်များသည် ကျွန်ုပ်တို့ကို စိုးမိုးသွားကြသည်" ဟု ၎င်းက ပြောသည်။ “လူတိုင်းက သတင်းထောက်တွေလို ဖြစ်လာပြီး သတင်းတွေ ပြည့်လျှံနေတယ်။ လူတိုင်းက သူတို့ပဲ အမှန်ကို သိတယ်လို့ ထင်နေကြတယ်။ လူတိုင်းမှာ သူတို့ကိုယ်စီ သဘောထားတွေ ထင်မြင်ချက်တွေ ရှိမှာ သေချာပါတယ်။ ဒါပေမယ့် ဒါတွေ ပျောက်ကွယ်သွားပုံက စိတ်မကောင်းစရာ ဖြစ်ပါတယ် လို ့ မှတ်ချက်ပေးလိုက်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar