Breaking News

ဝင်းမြင့် - အရိပ်

အရိပ်
ဝင်းမြင့်
(မိုးမခ) ဧပြီ ၃၀၊ ၂၀၂၄

ဒီတနွေလုံး
စိတ်ဟာ အပူဆုံးပဲ ။

ပန်းပွင့်အဖျားမှ
ရုပ်တုတော် ခြေရင်းအထိ
ဝပ်စင်း ပူဇော် မိခဲ့တယ် ။

ညောင်ရွက်ပုံ
လေပွေ တပွေ့
ရင်ပြင်တော်ပေါ်
အငွေ့အသက်ကို ရခဲ့တယ်  ။ ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar