Breaking News

မင်းငြိမ်းအေး - မိသားစု

Art by Than Htay Maung

မိသားစု
မင်းငြိမ်းအေး
(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၄

နာမည်မရှိတဲ့ကြယ်ဟာ
အဖေပဲပေါ့ ။

အမြစ်စွဲကာစမျိုးစေ့တစ်ခြမ်းက
မေမေ။

ခြေထောက်မရှိတဲ့အိပ်မက်ဟာ
အစ်ကိုကြီးရဲ့ခေါင်းအုံး ။

ညစာချန်စားတတ်တဲ့ညီလေးကို
ဒီလိုအသိတွေပေးမသိစေချင်ဘူး ။

ငါ၊ စစ်တိုက်ချင်တယ် ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar