Breaking News

ဝင်းမင်းခိုင် - ဦးဝင်းတင်

Image- Credit

ဦးဝင်းတင်
ဝင်းမင်းခိုင်
(မိုးမခ) ဧပြီ ၂၁၊ ၂၀၂၄

ဧပြီ၂၁ ဟာ
သူဖွင့်ထွက်သွားတဲ့တံခါးပေါက်ပဲ
ဖြစ်ချင်ရာဖြစ်
မျက်နှာလွှဲခဲပစ်ကျောခိုင်းသွားတာမဟုတ်ခဲ့ဘူး
သူစောင့်ထိမ်းတဲ့သီလ သူ့အတွေ့ကြုံဝမ်းစာတွေနဲ့
ပွဲသိမ်းတဲ့အထိအပြိုင်ကြဲဖို့
အတွေးခေါ်လက်နက်ခဲယမ်းတွေ အလုံအလောက်ထားခဲ့တယ်
အဝင်နဲ့အထွက်ဂိတ်ပေါက်၂ ခုကြားမှာ
သူဟာ
မတရားမှုစိန်မှန်ကင်းကို
ထင်းဖြစ်သွားအောင်ဖြိုဖျက်ခဲ့သူဖြစ်တယ်

၂၁.၄.၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar