Breaking News

ရတနာပုံဆရာမှတ်ကြီး - မတော်တပ်ရဲ့ ဗျိုင်းနားမင်္ဂလာအခါတော်

ရတနာပုံဆရာမှတ်ကြီး - မတော်တပ်ရဲ့ ဗျိုင်းနားမင်္ဂလာအခါတော်

(မိုးမခ) ဧပြီ ၁၂ ၊ ၂၀၂၄

ရက္ခိုင့်တပ်တော်လို့ အမည်သညာနဲ့ ပေါ်လာကတည်းက တပ်မတော်ရဲ့ အစိမ်းရောင်က လွင့်လွင့်သွားပြီး အစိမ်းခြောက်ခြောက်အရောင် ကူးသွားတော့တာ။

တပ်တော် = တော် ဆိုတဲ့အတိုင်း အလေးထားဖွယ် ဂုဏ်ပြုထိုက်ဖွယ် တော်တဲ့တပ် ဆိုတော့ တပ်မတော်က မတော်တဲ့တပ် အလိုလိုဖြစ်သွား။ ခုတော့ တပ်ရှော်၊ အဲကနေ တပ်ရှုပ်၊ နောက် တပ်ရှူး။ ပြီး တပ်ရှို့-ရှို့တပ်။

မအလနဲ့တပ်ဟာ မတော်တဲ့တပ်ပီပီ တိုင်းပြည်မှာ ဘိုးစဉ်ဘောင်ဆက် သားစဉ်မြေးဆက် တည် ဆောက်ထားသမျှ ဖြို၊ သူ့ရူးနှမ်းမှုကြောင့်ဘဲ ပျိုရွယ်သူ မှန်သမျှ လက်နက်ကိုင်ရ၊ အဖမဲ့တွေကြွပ်ကြွပ်အိတ်တွေလို လွှင့်၊ မီးသင့်လူများ မြို့များရွာများပြာများ၊ သားမဲ့အမိ မြေးပျောက်အဘွားအိုတို့ရဲ့ ငိုယိုခြင်းများ၊ မုဒိမ်းကျင့် သတ်ဖြတ်ခံရခြင်းများ၊ နာကြည်း တောက်ခေါက်ခြင်း သေခြင်းသတ်ခြင်းအမျိုးမျိုးသာ သွေးထိုးဖန်တီး အရူးကိုဘီလူးစီး တပ်ယုတ်ကြောင့် မုဆိုးမအရေ အတွက် တရိပ်ရိပ်တက်ကာ HIV TBဆေးယဉ်ပိုးတွေ တန်ခိုးထွားလာ၊ ဆေးပြားအလျှံပယ် လွယ်လွယ် လက်တကမ်းလှမ်းရုံ ဆင်းရဲထုအစုံအပုံမှာ အငတ်ဘေးကြီး လွှမ်းခြုံ အခြေအနေက ကမ်း ကုန်၊ အလုပ်လက်မဲ့တွေရယ် လက်မဲ့အလုပ်တွေရယ်ကြား ဓားနဲ့တရားကအမြဲပွတ်တိုက် အဖက်ဖက်ကလောင်မြိုက် လောင်တိုက်ကြီးသက်သက်မဖြစ်ခင်လေး လောင်စာတွေမပြတ်ထည့်ပေးနေတဲ့ မတော်တဲ့တပ်ကို အမြစ်ဖြတ်နေကြ။

အသက်တွေ ဘဝတွေ အိုးအိမ်တွေ စည်းစိမ်တွေ ပုံရင်းပြီးတိုက်ဖျက်ကြလို့ အဲဒီ မတော်တဲ့တပ်ဟာ တပ်ပျက်ကနေ တပ်ပြို၊ တဖြည်းဖြည်း တပ်ပြုန်း ခုတော့ တပ်လုံးဝပျောက်ထိရောက်ဖို့ပါ မဝေးတော့။ မဝေးဆို မနက်ဖြန် သန်ဘက်တောင် ဖြစ်နိုင်တာ။

တိုင်းပြည်ပတ်ပတ်လည် နယ်စပ်ဂိတ်တွေလည်း ကုန်လုခမန်း။ စိုးမိုးလမ်းတွေလဲ ပျောက်၊ ငွေဝင်စမ်းတွေလည်း ခြောက်။ စခန်းတွေလည်း တကုန်းပြီးတကုန်း ဘူဒိုဇာနဲ့ သစ်ပင်တောတောင်တွေကို စမုံတုံးသလို နေ့မြင်ညပျောက်။ မနက်လင်းရင် တရင်းပလုံ။ 

မအလနဲ့ သူ့တပ်မတော်ဟာ တခြား ဘာမှလုပ်လို့မရတဲ့နောက်ဆုံး ဗျိုင်းနားဘုရင်ထုံး နှလုံးမူ သေ နတ်ပေါ်  ဗျိုင်းနားခဲ့သူတွေပီပီ အထက်ကလူ အောက်သွား၊ အောက်နားကကောင် အပေါ်လာ၊ တောင်ကငနာ မြောက်သွား မြောက်ကငနွား ရှေ့ပို့၊ ရှေ့ကအို့အို့ နောက်ဖေးလွှတ်၊ ဘောင်းဘီကျွတ်တွေ ပြန်ဝတ်၊ ဝတ်ထားတဲ့ကောင်တွေ ချွတ်လဲ၊ ပင်စင်နာဘဲကြီးတွေ အိပ်ဖန်စောင့်၊ အမြီးမြောက် ချီးပေါက်တဲ့ကောင် ဖမ်း၊ ပရမ်းတာ မတော်တပ်ရဲ့ ဗျိုင်းနားမင်္ဂလာအခါတော်။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar