Breaking News

ငတေ - ဒရုန်းဂုဏ အနန္တ

ငတေ - ဒရုန်းဂုဏ အနန္တ

(မိုးမခ) ဧပြီ ၁၁ ၊ ၂၀၂၄


မင်းငတ်ထံပါး

ဖဝါးခြေထပ်

ကပ်လျက်မကွာ

လိုက်ပါတသား

မခြားနေ့ည

ဗုံးတွေချ

ဒရုန်းတွေဟ ဒရုန်းဟ။


နန်းတော်တွင်းလည်း

ဗုံးခင်းသခင်

ဆင်ယင်ကျင်းပ

မြေးမ မြေးထီး

သားကြီး သမီးငယ်

မလွယ်ပေါက်ကို ဖောက်လို့သွယ်

ဘယ့်နှယ်ကယ်လို့ လွတ်ပါ့မယ်။


သိကြားမာဃိန်

ဝရဇိန်ထက်

ဂျင်ဇီးလက်ရုံး ဒရုန်းဗုံးကြောင့်

အတုံးအရုံး

ကျဆုံးမပြတ်

တပ်မ တပ်ရင်း

တပ်တွင်း တပ်ပြင်

တပ်ဆင်မရ ဆင်တိုင်းကျ

တပ်ဆုတ်မရ ထပ်ပြုတ်ကျ။


မရဏစက်

သူ့ပိုင်နက်မို့

သွက်သွက်လည်ကာ ပါရမှာ

နောက်တန်းမှူးလည်း

ကျင်းမတူးသာ သေရရှာ

စစ်ခေါင်းဆောင်လည်း 

မရှောင်တိမ်းသာ ဂိမ်းအိုဗာ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar