Breaking News

ရဲဘော်တေး - အာဏာလုချိန်

ရဲဘော်တေး - အာဏာလုချိန်

(မိုးမခ) ဧပြီ ၁၃ ၊ ၂၀၂၄

မအလက ဘယ်သူ ဘာပြောပြော သူ့ခေါတောင် သူမယုံလူစား။ ဘုရင် လုပ်ချင်တဲ့ကောင် ဆိုတာ တယောက်ယောက် ယုံလိုက်တာနဲ့ ပလုံဇွပ်တာကိုး။

ဘောင်းဘီကျွတ်ကြီးတွေဆို ရွှေကြီးကစ ဆေးကုတောင် မထွက်ရ။ ခုတင်တထောင် သွားချင်သွား၊ မသွားချင် လျက်ဆား လျက်၊ အပြင်ထွက်ကုဖို့ မလှမ်းနဲ့၊ ရေမန်း သောက်ချင်သောက်၊ ဒါပဲ။

ပေါက်ကတုံး မျောက်ရှုံး တောင်အော် မြောက်အော် အော်ကထဲက ကြံ့သတ္တဝါတွေ ဖြန့်တာသိပြီးသား။ အာဏာသိမ်းဖို့ မြှောက်ပေးတုန်းက ပေးပြီး ခု ပလုတ်တုတ် ဗြုန်းလာတော့မှ စောက်သုံးမကျတဲ့ကောင်ဆိုပြီး တွတ်တဲ့အပြင် ဖွတ်တွေက ငါတို့တုန်းကလေဆိုပြီး ရွှေထီးထထဆောင်းတာကို ကြင်စိုးက နားကြားပြင်းကပ်နေတာ ကြာပြီ။ ငပေါက် ပြန်လွတ်ပြီး မျောရင်း ဖောတဲ့ကောင်စောင့်သုတ်တာ။ ဟိုက ရုတ်ခြည်း ဖုတ်ကျည်းသင်္ဂြိုဟ်မခံရဖို့ ငွေသောက်ရမ်းလိုနေတဲ့အချိန် ဆိုတော့ လူဟောင်းကြီးတွေ စည်းစိမ် အမြီးလိမ်ချိုးပြီး ယူတာပေါ့။ တယောက် တယောက် ပိုင်တာကလဲ ဆော်ဒီမင်းသားတွေနီးနီးချည်းပဲ မဟုတ်လား။ ဘဲအိုကြီးတွေကလည်း ကျွတ်တယ်။ သူတို့ကိုတော့ မလှန်ရဲဘူး တွက်တဲ့အပြင် သူတို့ကို ရိုသေလေးစား တန်ဖိုးထားလွန်းလို့ အလကားမတ်တင်း အသက်စည်းစိမ်မယွင်းအောင် ကင်းစောင့်ပေးနေတယ် ထင်နေတုန်း။ တကယ်တော့ ရွှေဥပိုင်ရှင်တွေမှန်းသိလို့ အသာဖိထားတာ။ 

ဟော ခုတော့ တကောင်ချင်းထုတ် ချက်ပြီ။ မအလရက်စက်ပြပုံကတော့ စောက်ပြစ်ပြောတာကို အာဏာသိမ်းရန်ကြံစည်မှုတံဆိပ်ကပ်ပြီး မိသားစုကြီးလိုက် လက်ထိပ်ခပ်ကာ ပိုင်ဆိုင်မှုမှန်သမျှ သိမ်းလိုက်တော့တာပဲ။ ကျူပင်ခုတ်ရုံမက ကျူငုတ်ပါ မီးတိုက်ပစ်လိုက်တာ၊ ပိုင်ချက် လှိုင်အကွက်။ သူ့ထက်သူယုတ် စစ်ဗိုလ်ချုပ်ကြီးတွေဆိုတော့လဲ ဘာမှုနဲ့စွဲစွဲ ထောင်တသက်တော့ မြဲမယ့်ကောင်ချည်းလေ။ အာဏာသိမ်းရန် ကြံစည်မှု ပြောရတာလဲ ဘာမှ မခက်ဖူးလေ။ ဒီကောင်တွေကလဲ လက်နက်ကတော့ တပ်စိပ် တစိပ်စာမကတော့ ရှိကြတာချည်း။ ကိုယ့်သေတွင်း ကိုယ်တူးထားကြတာ။ အရပ်သားအစိုးရလက်ထက်က ဖြိုးကိုကိုတင့်ဆန်းဆိုလား ဝန်ကြီးသားတကောင်လက်နက်မိတာကြည့်ပေါ့။ ဒါတောင် အရပ်သားဝန်ကြီးနော်။ ဗိုလ်ချုပ်လူထွက်တွေတော့ မပြောနဲ့တော့။ ကိုယ်ပိုင်တပ်ကလေးတွေနဲ့ချည်း။ သာအေး သမက်လောက်ကောင်တောင် လက်နက်တွေအများကြီး ဖဘတင်ပြခဲ့၊ ကိုယ်ရံတော်တပ်နဲ့ နိုင်ငံခြားခရီးတွေတောင် ထွက်ပြခဲ့တာတွေရှိ။ ခုတော့ ဖြုတ်ချပြီးရောပေါ့။ မလိမ္မာရင် အိမ်ပါပါမှာ။

ခုတလော မြေးမြစ်အပူ သူ့နေဝင်ချိန်အပူနဲ့ ရွှေကြီးလည်း တပ်ဦးကျွံလာ၊ တရုတ်ကို ခိုလှုံခွင့်တောင်းဆိုလား။ ချစ်မြေးလေးကိုတော့ အပြင်ထုတ်ထားနိုင်ပုံရ။ အဲကောင်ကလည်း ဒေါ်စုနဲ့ ရွှေကြီးကြား နိုင်ငံရေးလမ်းသလားထားတာရှိတော့ ကြည့်မရတဲ့ကောင်တွေ အများသား။ တကယ်တော့ အဲကောင်က မအလမျက်စိက စပါးမွှေးရယ်။ ဒါကို ခွေးသအုပ်မချောင်း ချောင်းနေတဲ့နေဝင်းမြေးဝက်စုတ်က တရုတ်လာတွေ့တဲ့ ရွှေကြီးကို ကလော် တုတ်တယ်။ ဆိုလိုတာက အဲဒီကောင်ကြီးကို စိချိန်တန်ပြီဆိုတဲ့သဘော။ ဘာတဲ့ တမိသားစုလုံး မအလကို စောက်ဖောင်းထု ဖရဲသီးလုပ်နေကြတာလို့ကို ကောတာနော်။ ဟုတ်မှာပ၊ ခိုးရာပါပစ္စည်းတွေနဲ့ သားစဉ်မြေးဆက်ကျကျနနနေရမယ့်ရွှေကြီးရဲ့၁၄နှစ်ခြေဥကို မအလက ခြေနဲ့နင်းမီးမြိုက်ကြပ်တင်တော့ ရွှေကြီးအုပ်စုက ကော့လန် အော့အန်နေတာကိုး။ ဖရဲမစိုက် နင်လူမိုက်ဖြစ်မှာပေါ့။

ခုက အသေမဦးခင် ခြေဦးရမယ့်အချိန် မဟုတ်လား။ တယောက် တယောက် ကျားချောင်း ချောင်းနေကြပြီလေ။ မချောင်းမရ၊ အငိုက်မိတာနဲ့ သားသမီးမြေးမြစ်ပါ အမြစ်ပြတ်မှာ။ ဖမ်းနိုင် ရှင်းနိုင်သူက ပြည်သူ့လက်အပ် ပြည်သူနဲ့ကပ်နိုင်ရင် ကိုယ့်ရှင်သန်ရေး အောင်ခိုင်အောင်နိုင် ရေခဲ။ မဟုတ်ရင် သေပွဲ။ 

တကယ့်တော့ တပည့်လက်ရင်း တပ်မင်းကိုယ်စီ ရှိကြသည်ဆိုတဲ့ ခြင်္သေ့တွေချည်း တဂူတည်း စုမိနေကြပြီမဟုတ်ပါလား။

ရဲဘော်တေး



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar