Breaking News

စိုးရိမ် - တရား

Art by Than Htay Maung
တရား
စိုးရိမ်
(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၄

အဝေးပြေးလမ်းမကြီးတစ်ခုရဲ့ရင်ထဲမှာလဲ
သိုဝှက်ထားတဲ့စကားလုံးတွေရှိမှာပေါ့
ဘီးချော်ပြီးပွတ်တိုက်သွားတဲ့အသံ
လေထဲကိုခုန်တက်ပြီးသုံးလေးပတ်လွင့်သွားတဲ့ကား
နာကျင်ငြီးတွားသံ သီချင်းသံပြိုင်သီဆိုသွားတဲ့အသံ
သူ့ရင်ဘတ်ကိုစွန်းပေစေတဲ့သွေးများ
ပြုတ်ကျလာတဲ့လက်တစ်ဘက် မျက်လုံး ဦးနှောက်
ဘီယာဘူးခွံများ အမှိုက်များ
မရဲတရဲအနမ်းများ
လမ်ဘေးတစ်နေရာကရမ္မက်သံညံနေတဲ့ကား
တစ်စီးနဲ့တစ်စီးထိပ်တိုက်တွေ့ဆုံမှုများ
သူ့အမြင်က
လူဆိုတာ အသက်ဓာတ်မရှိတော့တဲ့အခါ
သံပတ်ကုန်သွားတဲ့ကစားစရာအဖြစ်မျှသာ...။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar