Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အလှည့် အတုံ့

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အလှည့် အတုံ့

(မိုးမခ) ဧပြီ ၂၂ ၊ ၂၀၂၄

ပြူးလွင်မှာ ဒူးချင်သော်လဲ အဖူးမြင်လို့ သွေးပျက် ပြေးထွက်ခဲ့ရ မိလှိုင်တို့ သားဖတတွေ အသားစတွေကြွေဖို့ မဝေးတော့တဲ့အခြေ ရောက်လာပြီလေ။

ပီဒက်တွေရဲ့ ရှော့ဒုံးရယ် ဒေါ့ဗုံးရယ်မလာခင် တပ်တွင်းပစ္စတို မောင်းပြန်တွေနဲ့လည်း ဒစ္စကိုအကြောင်းဖန်သွားမှာပူရ။ မြေးလေးတွေကို ပူတင်ဆီလည်း မထားရဲ အဏုမြူဗုံးကြဲရင် ပါသွားနိုင် ဒူဘိုင်းသွားရင်လည်း မွတ်တွေက ကိုင်မှာ ရှီကျင့်ဖင်ဆီမှာလည်း စိတ်မချရ အထူးအခွင့်အရေးလည်း ရမယ်မဟုတ်။ အာဆီယံတွေကလည်း အဟုတ်ကျ အားမကိုးသာ ပြုတ်ကျရင် ဘုတ်ပြမှာ။

ပစ်တာကမန်းပီဒက် ထွက်ပြေးတာက မအလအစစ်ခံရတာက မန်းတိုင်းမှူး ဆိုတော့ တိုင်းမှူးလည်း အရူးသခင် လုပ်မိတဲ့အရသာသိရှာပြီ။ ခွေးချုပ်ထွက်ပြေး ၂၄ မို့ သရေကြိုးနှစ်ကွင်းလုံး ၂၄ သင်္ကြန်အမှတ်တရ ဒါ့ပုံလေးတောင်မှ မရိုက်လိုက်ရတဲ့အဖြစ် ဟစ်ငိုမယ်ဆို ငိုစရာ၊ အင်း အဖြစ်က မနှစ်ကနဲ့မတူဆိုသာလို ရှေ့လျှောက် ပုန်းလျှိုးကွယ်လျှိုး သူခိုးအိမ်ဝင် ကိုယ်ထင်မပြ အရိပ်မဲ့ဘဝနဲ့ နေသွားရတော့မှာ။ ပြူတာနဲ့ ပစ် လစ်တာနဲ့ ကြိတ် အိပ်တာနဲ့ ရှော့ မော့တာနဲ့ ကျတော့မှာ၊ မင်း ဘယ်သွားသွား မင်းတင်းပါးနောက် တကောက်ကောက်လိုက် ဒေါ့ဗုံးကြိုက် ဒေါ့ဗုံးနဲ့၊ ရှော့ဒုံးကြိုက်ရှော့ဒုံးနဲ့ပစ်ထည့်ကြတော့မှာ။ သေချိန်ကျပလားဆို ရေအောက်မှာ အခေါင်းလုပ်နေလဲမလွတ်၊ မြေ အောက်မှာ ကျင်းတူးလည်း ဒူး၊ တောင်ဖောက်ဂူတည်လည်း တည်တည်ပဲ ရှိမယ်လေ။

အမယ် စောက်ပုရဲ့ အပုထရော်မာကလည်း မသေးဘူးနော်။ ဘယ်နေ့ ဘယ်မှာ ဘာပြောပြော အရှည်တွေး အရှည်ကြည့် အရှည်မျှော်ဆိုတာချည်းပဲ။ ဘယ်အရှည် ကြွေလဲတော့ မသိ။ သူ့အသက်ကတော့ ကြာလေ တိုလေရယ်။ သူတင်မကဘူးလေ သူ့ခေါသနီအသက်ရော သူ့သားအောင်ပြည့်စုံအတွက်ရော၊ ဟိုစနိုက်ကျော်ခံရတဲ့ သမီးချောလေးအသက်ရော အင်း မြေးလေးတွေပါ အသက်ရှည်ဖို့ ခက်ရောပ။ သူ့မြေးအရွယ်လေးတွေပေါ် ဗုံးတွေကြဲ၊ စက်သေနတ်တွေနဲ့ ထင်သလိုဆွဲထားတာ မနည်းမနောမဟုတ်လား။ ဒါတွေက အရိပ်ပမာ မခွဲမခွာ လိုက်နေမှာပဲ။ သူ့တပ်တွေအသက်ကတော့ ပြောမနေနဲ့၊ တရက် တမနက် ရှည်ဖို့တောင် ခက်ခက်လာ၊ ဒါပေလို့ အာဏာ ရူးကောင် ရူးကြောင်ကြောင်ခိုင်းတာမှန်း သိတဲ့သူတွေကတော့ လက်နက်နဲ့ အသက်လဲလိုက်တာပဲလေ။ တခါတည်း သိန်းငါးဆယ်လောက်ရတဲ့အပြင် ကိုယ့်မိသားစုလေးပါ လွတ်မြောက်နယ်မြေထုတ် အောင်ခိုင်အောင်နိုင် ရေခဲလုပ်ကြတော့တာပ။ လက်နက်ချလိုက်ရင် အသက်က ကြိုက်သလောက်ရှူတော့ဘဲ။ 

ရှေ့လျှောက် မအလကတော့ ငါးခုံးမကမ်းတင်သလို ခါးလေးလွန့်လွန့်ပြီး ဆန့်ငင်ဆန့်ငင်ဖြစ်နေမှာ မြင်ယောင်သေး။

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar