Breaking News

ဆယ်ပေါင်တူ - ဂျာစီအတုနဲ့ကောင်

ဆယ်ပေါင်တူ - ဂျာစီအတုနဲ့ကောင်

(မိုးမခ) မေ ၉ ၊ ၂၀၂၄

 

အဝေးကကြည့်ရင် 

မက်ဆီနံပါတ်

အနီးကပ်ကြည့်ရင် 

မက်ဆီနာမည်

စောက်လုံးကြီးထွက်သူအတွက်တော့

မျောက်အုန်းသီး ရတာထက် ပျော်စရာ

မက်ဆီဂျာစီတု ကောက်ဝတ်

ခွာသေးသေး ဖိနပ်ကောက်စွပ်ပြီး

ဟန်ရေးပြနေပုံက

မက်ဆီအစစ်တောင် 

အရှုံးပေးရမလို။


စလည်းကန်ရော

အပေါက်အလမ်းက မတည့်

ကိုယ့်ဂိုးထဲ ပြန်ထည့်သလို

ကိုယ့်လူ ကိုယ်ပြန်ချ

ကိုယ့်ပရိသတ် ကိုယ်ရန်စလို့

သည်းခံမရတဲ့အဆုံး

တပွဲလုံး အုံးအုံးကျွက်ကျွက်

‘သားရေကြိုး’

‘သားရေကြိုး’

‘ငါ၊ဖေ’အမျိုးမျိုးတပ်ဆဲဆိုလည်း

အချိုးကမပြေ

အရှက်ဗလာကျင်း ဂျာစီတုကောင်က

တကွင်းလုံးတောင် ပတ်ရန်ပြု။


‘ဒီလိုမိတ်ဆွေမျိုးရှိရင်

ဘယ်သူ ရန်သူ ထပ်လိုပါလိမ့်မလဲ’ တဲ့

ဒီစကား မှန်သလား မမေးနဲ့

အသင်းစိတ်ဓာတ်မထား

မယ်မယ်ရရ မကစားဘဲ

ဗရီးဗရား

(……)စကားအမြဲပြော

ကြားကြသူ အော့ကြောလန်

မြင်သူ အော်ဂလီဆန်ရတဲ့

မက်ဆီ ဂျာစီတုနဲ့ကောင်က သက်သေ။





t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar