Breaking News

နေစိမ့် - တရား

တရား
နေစိမ့်
(မိုးမခ) မေ ၁၀၊ ၂၀၂၄

ရယ်မောစရာတွေ ငိုစရာဖြစ်လာပြီးတဲ့နေက်
ယုံကြည်ခဲ့တာတွေ ခဲလေသမျှ သဲရည်ကျပြီးနောက်
လေးနက်ခဲ့သမျှတွေ အငွေ့ပျံသွားပြီးတဲ့နောက်
မျှော်လင့်ခဲ့သမျှတွေ တစစီကွဲကြေသွားပြီးနောက်
လွှင့်ထူခဲ့သမျှအလံတွေ လေထဲလွင့်စင်သွားပြီးနောက်
အိပ်မက်တွေမှန်သမျှ တကယ်ဖြစ်မလာတဲ့ အခါ
လူ့ဘဝရဲ့ အရသာစစ်စစ်တွေ့ရှိခဲ့ရ ....
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar