နေသွင်နိုင်း - ကြယ်ပျံလမ်းသစ်
ကြယ်ပျံလမ်းသစ်
နေသွင်နိုင်း
(မိုးမခ) မေ ၂၊ ၂၀၂၄
ကမ္ဘာကြီးထဲ ကျွံကျလာတဲ့ လူငယ်တောင်ပံ ၊ ရွက်ခြောက်ကိုနင်းပြီး တောမီးကို လှုံတယ်။ ရင်ဝက မီးထက် ကျောဒဏ်ရာ ပိုနက်လို့ ပိုနက်တဲ့ဘဝကို တူးရတယ်။ မေးဒေးမှာလည်း ဒီကောင်တွေကို မအေပေးလို့ငါတို့ဆိုတယ်။ သယံဇာတဆိုတာ ပထဝီစာအုပ်ထဲက ခုန်ထွက်မလာတဲ့ ကြွယ်ဝမှု၊ ဘောဂဗေဒဆိုတာ ကျောင်းသားတွေ အလွတ်ကျက်ရမယ့် အိမ်စာ၊ စီးပွားရေးဆိုတာ မအေလိုးတွေရဲ့ သေနတ်ဖျား။ ငါတို့မှာ ကျောင်းတက်ရင် နိုင်ငံတော်သီချင်းဆိုပြီး ကျောင်းဆင်းတဲ့အခါ အိမ်မပြန်ရဘဲ စည်သွပ်ဘူးထဲ ပြန်ဝင်ကြရတယ်။ ရုပ်ရှင်ရုံမှာ ချစ်သူကို အနမ်းမပွင့်ရသေးဘူး၊ နိုင်ငံတော်အလံကို စောက်တလွဲအလေးပြုနေရ။ နိုင်ငံတော်ရဲ့ပွဲလမ်းသဘင်မှာ အလံတော်ဟာ သုက်ပိုးအပြည့်နဲ့ တလူလူလွင့်လို့၊ အရွယ်လည်း မတူကြယ်လည်း မဖြူရတဲ့ ဘဝ၊ Fuck Fuck Fuck ပဲ။သေနတ်က သင်ရိုးညွှန်းတမ်းဖြစ်လာတဲ့အခါ လူငယ်ကို ကြယ်လို့ အသံထွက်ရတယ်။ စောက်တလွဲလော့ဂျစ်နဲ့ မြစ်ကမ်းဘေး အိမ်ခြေမဲ့တွေဖမ်းပြီးဆင်းရဲမွဲတွေမှုကို တိုက်ဖျက်၊ ပုပ်သိုးနေတဲ့ မြွေတွေရဲ့သမိုင်းကို လက်ဆင့်ကမ်းပြီး အနာဂတ်ဟာ လူငယ်လို့ ရယ်စရာပလာစတာကပ်တယ်။ ငါတို့ဟာ မတရားမှုကို ပစ်ပေါက်မယ့် အုတ်နီခဲတွေ၊ နောင်တချိန်မှာ ဂျန်လီးတွေဖူးရမယ့် ဘုရားဟာ ငါတို့ ။ မြို့ပြင်မှာ လူသေရင် လူသေတွေ မြို့ပြင်မှာ နှစ်ခါမသေစေရဘူးဟေ့။ ဆွေးမြည့်နေတဲ့ ရေစီးကြောင်းကြီးကိုလည်း လှန်မှောက်ပစ်လိုက်မယ်။ မုသားမပါတဲ့ မြစ်မင်းကို စီး၊ ဟစ်တလာရဲ့ နှုတ်ခမ်းမွေးပြီးရင် နောက်ထပ် ဆွဲနုတ်ချင်တဲ့ ကိစ္စဟာ မိစ္ဆာတွေရဲ့ အာယုလမ်းကြောင်းဖြစ်တယ်။ ဦးထုပ်ကို နောက်ပြန်ဆောင်းမယ်၊ ရန်သူ့ခေါင်းကို ဗုံတီးမယ်၊ ငါတို့ရဲ့တက်တူးမှာ မြစ်သေတွေ မပါစေရ။ ဘောင်းဘီဇစ်ပြုတ်တဲ့ ငါတို့ကိုမျက်စောင်းမထိုးနဲ့၊ ရန်သူ့နယ်မြေဆီ တာဝေးပစ်ဒုံးကျည်အဝေးကြီးလှမ်းပစ်လိုက်သလို သေးငေါ့ပန်းမယ်၊စောက်သည်းကွဲချင်ကွဲမယ်၊ ( ၁၂ ) လရာသီသိဖို့ဆို ရန်သူ့သေပန်းနဲ့ညှိကြမယ်၊ တောရိုးတောင်ရိုးမှာ အသက်ကိုအလံလွှင့်ထားလို့ ငါတို့ဟာ ကြယ်ပျံအစင်းစင်းပါပဲ။ လူငယ်လို့ စာလုံးပေါင်းတဲ့အခါ ခင်ဗျားတို့ရဲ့ ဦးထုပ်တွေကို ချွတ်ပြီး ဦးညွှတ်ထားရပါလိမ့်မယ်။ ဆုတ်ဖြဲပစ်ရမယ့် လေပူပေါင်းတွေထဲက အမည်နာမများ စစ်ကြီးမပြီးခင် သေလို့ရပါပြီ။ မတရားတာကို မတရားဘူးလို့ပြောဖို့ နောက်မကျသေးဘူး။ ကြောင်လက် သည်းဝှက်ပြီး၊ လာ။
အားလုံးပြီးရင် လမ်းများအားလုံး ဖွင့်လိုက်မယ်၊ ပန်းများအားလုံး ပွင့်လိုက်မယ်။ ။
နေသွင်နိုင်း
1.5.2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar