ပါလစ္စတိုင်းအရေးဆန္ဒ ပြသူ အမေရိကန်ကျောင်းသားတွေ တိုက်ခိုက် ဖမ်းဆီးခံရပြီ
နိုင်ငံတကာသာဂိ၊ မိုးမခ၊ မေ ၁၊ ၂၀၂၄
New York ရဲတပ်ဖွဲ့က ကိုလံဘီယာ တက္ကသိုလ်ကို ဝင်ရောက်စီးနင်းပြီး ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြသူတွေကိုဖမ်းဆီးလိုက်ပါတယ်။ ရာနဲ့ချီတဲ့ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေက ကျောင်းဝင်း အဆောက်အဦကို ၂၄ နာရီနီးပါး သိမ်းပိုက်ထားတဲ့ ကျောင်းသားတွေကို ဖမ်းဆီးခဲ့သည် ။ ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြသူ ဒါဇင်နဲ့ချီ ဖမ်းဆီးခဲ့ပါတယ်။
ဆန္ဒပြသူ ကျောင်းသားများက သိမ်းယူခဲ့သည့် ကိုလံဘီယာတက္ကသိုလ် အဆောက်အအုံမှာ ကိုလံဘီယာ ကျောင်းဝင်း ကို ၁၉၆၈ ခုနှစ် ဗီယက်နမ် စစ်ဆန့်ကျင်ရေးတုန်းက ကျောင်းသားများ သိမ်းယူခဲ့ဖူးသည့် အဆောက်အအုံ ဖြစ်သည်။ ကိုလံဘီယာနှင့် အခြားတက္ကသိုလ်၊ နယူးယောက်စီးတီးကောလိပ်တွင် လူ ၃၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း နယူးယောက်မြို့တော်ဝန် အဲရစ်အဒမ်စ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
အစ္စရေးမှ အမြတ်အစွန်းရထားသော ကုမ္ပဏီများမှ တက္ကသိုလ်ရင်းနှီးမြုတ်နှံထားမှုများ ရုတ်သိမ်းရန် (Divestment) ကျောင်းသားများက ကျောင်းဝင်းအလယ်ရှိ မြက်ခင်းပြင်တွင် တဲများချကာ တောင်းဆိုကြတာ လွန်ခဲ့သည့် တစ်ပတ်ကျော်က စတင်ခဲ့ပြီး ယခု ဇာတ်ရှိန်မြင့်လာခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့အစောပိုင်းက လော့စ်အိန်ဂျလိစ်မြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် လည်း ၂ဘက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်တွင် အစ္စရေးလိုလားသော ဆန္ဒပြသူများက ပါလက်စတိုင်းလိုလားသော ဆန္ဒပြသူများကို UCLA တက္ကသိုလ်အတွင်း စခန်းချထားသည့်နေရာကို လာရောက် တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ကျောင်းအာဏာပိုင်များက ကျောင်းဝင်းအတွင်း ရဲတပ်ဖွဲ့ဝင်ရောက် ဖြေရှင်းရန် ဆင့်ခေါ်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။
နယူးယောက်မှာ အနီးနားက လမ်းတွေကို ပိတ်ဆို့ထားတဲ့ အတားအဆီးတွေနောက်က ဆန္ဒပြသူတွေက “ပါလက်စတိုင်းလွတ်လပ်ရေး ဒို့အရေး”၊ “ကျောင်းသားတွေကိုချက်ချင်းလွှတ်” နဲ့ “NYPD-KKK” လို့ ကြွေး ကြော်ခဲ့ကြပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု ကိုတော့ ချက်ချင်းသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
နယူးယောက်မှာ အနီးနားက လမ်းတွေကို ပိတ်ဆို့ထားတဲ့ အတားအဆီးတွေနောက်က ဆန္ဒပြသူတွေက “ပါလက်စတိုင်းလွတ်လပ်ရေး ဒို့အရေး”၊ “ကျောင်းသားတွေကိုချက်ချင်းလွှတ်” နဲ့ “NYPD-KKK” လို့ ကြွေး ကြော်ခဲ့ကြပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု ကိုတော့ ချက်ချင်းသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar