အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၀ )
မြန်မာ့အခေါက်ရွှေတစ်ကျပ်သား ၅၅ သိန်း ၅ သောင်းအထိ စျေးတက်။ ရန်ကုန်နဲ့မန္တလေး ရွှေစျေးကွက်မှာ အခေါက်ရွှေ ရောင်းချမှု ရပ်တန့်။ တစ်ရက်တည်း ရွှေစျေးက ငွေကျပ် ၂ သိန်းကျော်မြင့်တက်။ ဒေါ်လာဈေး တစ်ဒေါ်လာ လေးထောင်ကျော်။ ဘုရားဘုရား ဒီနေ့ မသောက်မဖြစ် ဆေး တွေ ကုန်သွားလို့ ဆေးဝယ်ထွက်မယ်ဆိုကမှ ဖြစ်ရလေတယ်။ ဒီနေ့ ဆေးဝယ်ရရင် ကံကောင်း။
အင်တာနက်ပေါ်မှာ စစ်သတင်းတွေက စစ်ကောင်စီတပ်တွေ အရှုံးကြီး ရှုံးတဲ့ သတင်းတွေပဲ တက်နေတယ်။
ဆွမ်ပရာဘွမ်မြို့နယ် မှာ စစ်ကူသွားတဲ့ ခလရ (၁၃၇) တပ်ရင်းတစ်ရင်းလုံးပြုတ်။ တပ်ရင်းမှူးလည်း ပါသွား။
ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်အတွင်း ၁၈ ရက်နေ့က တိုက်ပွဲဖြစ်။ စစ်ကောင်စီ ခလရ ၁၃၇ တပ်ရင်းက ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းကို ဒဏ်ရာများနဲ့ အရှင်ဖမ်းမိပေမယ့် ဆေးကုသနေစဉ် သေဆုံးသွား။
ရန်ကုန်မှာလည်း ဗုံးတွေပေါက်။
မရမ်းကုန်း၊ စွယ်တော် အိမ်ရာဝင်းထဲက ရဲစခန်း ဖောက်ခွဲခံရ။
လှိုင်သာယာ မြို့ နယ် စည်ပင်သာယာရုံးလည်း ဗုံးခွဲခံရ။ ကျူးကျော်ရပ်ကွက်တွေကို အဓမ္မရှင်းလင်းခဲ့လို့ ခုလို တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ထင်ကြေးပေးကြ။
တနေ့ တနေ့ အသက်ရှူကြပ်တဲ့ သတင်းတွေက လွမ်းနေ။ မျှော်လင့်ချက် မှိန်မှိန်ကလေးတွေက မှိတ်တုတ် မှိတ်တုတ်။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar