Breaking News

မိုးခါး - မလွတ်မြောက်သော ဆွေးမြည့်မှု


မလွတ်မြောက်သော ဆွေးမြည့်မှု
မိုးခါး
(မိုးမခ) မေ ၃၁၊ ၂၀၂၄

အရွယ်တင်တဲ့ သစ်ရွက်ကလည်းပိုးပေါက်တွေနဲ့
မြို့တမြို့ကိုငေးကြည့်တော့
ရှုပ်ထွေးလာတဲ့စိတ်က အပုံလိုက်
အမှားထဲ ပျော်ပါစေလို့ ပစ်ချလည်း
ကြွေလက်စနှလုံးသားက လက်မခံ
ဘဝ
ဒီရာသီက ကြမ်းတယ်၊
အတွေးထဲ စကားလုံးတွေနစ်မြှုပ်
အကြောင်းရာက 
ပြိုကျလာမယ့် ကမ်းပါး
အမှောင်မှာစိုက်ဝင်နေတဲ့မြှားကိုနုတ်ဖို့
မြေဝသုန်ကို တိုင်တည်လို့.....၊
မျှော်လင့်ခြင်းမှာသာ အရိပ်ခိုပရစေ
အလွမ်းကိုဆွတ်ဖို့ ပန်းကိုမချိုးဖျက်ပရစေနဲ့
မမေ့တဲ့နေ့စွဲပေါ် တခုခုကိုရေးခြစ်လို့
ပွင့်ပုံခြင်းမတူပေမယ့် နာကျင်တာခြင်းတူနေတဲ့နှလုံးသားတစုံ.......။ ။
                               
27.5.2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar